အပိုင်း (၆၄)

Start from the beginning
                                    

" ခဏလေးပါ ကလေးငယ်.... မကြာစေရပါဘူး "

ကိုယ်ကို ရည်ရွယ်ပြောလာသော စကားတွေကို ခေါင်းတစ်ချက်ငြိမ့်ပြရင်း သားငယ် ကိုသာ တိုးဖက်ထားမိသည်။ သားငယ် ပျော်ရင် အရာရာ ပြည့်စုံလှပနေပြီမို့ ဘဝ မှာ သားငယ်အပြုံးကသာ အေးချမ်းရာ ။ ဖခင်နှစ်ဦးဖြင့် အတူသွားရသော ခရီးမမည်တဲ့ တစ်ညနေ အချိန်လေးမှာ အပြုံးလေးချိုသာ စွာဖြင့် ကျွန်တော်ပါးပေါ် မကြာခဏ ရောက်လာတက်သော သားငယ်နူတ်ခမ်းလေး။

" အရမ်းပျော်နေတယ်ပေါ့လေ ...ဟုတ်လား သားသား"

" ပျော်တယ်လေ....သားတို့အတူတူ သွားရတာ ခုမှလေ...နော် ပါးပါးရော ပျော်လားဟင် "

" ဒါပေါ့ ...သားသား ပျော်ရင် ပါးပါးက ပျော်ပြီးသား "

ကား ကို parking ထိုးပြီး လှပသော ညနေခင်းနှင့်အညီ လာရောက် အပန်းပြေ နေကြသူများကြားက ကျွန်တော်တို့သားအဖ သုံးယောက်ကို ကြည့်နေသူများ ၊ မရောက်ဖူးသေးသော ပတ်ဝန်းကျင်အသစ်မှာ ဒယ်ဒီ လက်ကိုဆွဲပြီး သိလိုရာကို တစ်ခုခြင်း မေးနေပါသော ကောင်းစစ်ဟန်သာ ၊ သားတို့ အပြုအမူလေးတွေကြောင့် မကြာခဏ ဆိုသလို ဘေးကနေကြည့်ပြီး ပြုံးမိသည်။

မရောက်တာကြာပြီဖြစ်သော အင်းယားကန်ဘောင်၊ နေညိုချိန် အလှနှင့်အပြိုင် စည်ကားလှသော ကန်ဘောင်၊ သူ့အုပ်စု အလိုက် လှုပ်ရှားသက်ဝင်နေသော ကန်ဘောင်ဘေးက လူအများက​တော့ ချစ်စဖွယ်အမူအရာလေးဖြင့် တခါတရံနူတ်ခမ်းလေးဆူလိုက်၊ တခါတလေ လက်ည်ုးလေးထိုးလိုက်ဖြင့် စပ်စုနေသော ကောင်းစစ်ဆီသို့။ မြင့်မားသော အရပ်အမောင်း black pants and white shirt ကို တံတောင်ထိ ခေါက်ပြီး အမိုက်စား outfit ပုံစံဖြင့် လမ်းထွက်လာပါသော ကောင်းစစ်ဒယ်ဒီ။

တစ်ချိန် က မနူးမနပ် အရွယ်လေး နယ်မြို့လေးမှ သူငယ်ချင်းနှစ်ယောက် အတူတူ လည်ပတ် စားသောက်နေမူများကို ပြန်တွေးတောရင်း ။ ရန်ဖြစ်လိုက် ၊ ပြန်တည့်လိုက် ကျောင်းတော်ကြီးမှ အချိန်ကုန်မိရင်း အချစ်ရဲ့ ကောင်းခြင်း/ဆိုးခြင်းကို ပြည့်ပြည့်ဝဝ ခံစားလိုက်ရပြန်သည်။

တစ်ချိန်က ကန်ဘောင်နှင့် ယခု သာယာစည်ကားလှသော ကန်ဘောင်....ပြောင်းလဲမသွားသော သဘာဝအလှတရား နှင့် ကန်ဘောင်က တည်ငြိမ်လှပရင်း မတူညီသော ခံစားချက်တွေ ရင်ထဲ ပြည့်နက်နေသည့် ခံစားမူမျာနှင့် ကောင်းပြည့်။

ချစ်ခြင်းတို့အလွန် Where stories live. Discover now