"အင်း..."

ရှင်းခန့်ဆီမှ မပွင့်တပွင့်အသံလေး ထွက်လာသော သူမကျေမနပ်ဖြစ်သွားရပြီး...

"သူက ဘာကိစ္စနဲ့ အစောကြီးဖုန်းခေါ်နေရတာလဲ..."

"မနက်စာလာပို့တာ ကိုယ့်ကိုမတွေ့လိုဖြစ်မယ် သွားယူလိုက်ဦးမယ်..."

ရှင်းခန့်က ပြောပြောဆိုဆို အိပ်ရာမှာလူးလဲထဟန်ပြင်သည်။သူတို့စကားပြောနေတာနှင့် ခေါ်နေတဲ့ဖုန်းက ကိုင်တဲ့ဆီမရောက်နိုင်ပဲ ပြန်ကျသွားပြီဖြစ်လေသည်။စောင်ပုံထဲမှ ကုန်းရုန်းထနေသော အဝတ်မဲ့ခန္ဓာကိုယ်လေးအား သူအသဲတယားယားဖြင့် ရင်ခွင်ထဲပြန်ဆွဲချပစ်သည်။ရုတ်တရက်ထင်မှတ်မထားတာမို့ ရှင်းခန့်တစ်ကိုယ်လုံး ဆိုင်းလော့ဒ်ဆွဲယူသွားသည့်အတိုင်း ရင်ခွင်ထဲပြိုကျသွားရသည်။ဆိုင်းလော့ဒ်က မှုန်ကုန်ကုန်ပုံစံဖြင့်ရှိနေပြီးမှ...

"သူက ဘာကိစ္စနဲ့ မနက်စာလာပို့ရတာလဲ ဘာမို့လို့လဲ တကယ်ကြီး အဲ့ကောင်နဲ့ပတ်သတ်နေတာလား..."

ဆိုင်းလော့ဒ်၏စကားကြောင့် ရှင်းခန့်၏ မျက်ခုံးလေးများအလိုမကျစွာ တွန့်ကွေးသွားရပြီးမှ...

"ဘာကိုပတ်သတ်ရမှာလဲ လုပ်လာပြန်ပြီ..."

"မပတ်သတ်ရင် ဘာလို့ သူများအိမ်ကိုလာနေလဲ အစောကြီးဖုန်းတောင် ဆက်နေလိုက်သေးတယ်.."

ဆိုင်းလော့ဒ်ဆီမှ မနှစ်မြို့သလိုလေသံထွက်လာတော့ သူလည်း ‌အနည်းငယ်မကျေမနပ်ဖြစ်လာရသည်။ဘာဖြစ်ဖြစ် သူ့သိက္ခာကိုတော့ လေးစားသင့်တယ်မဟုတ်လား။အခုလိုမျိုး ထင်သလိုယိုးစွပ်နေတာကတော့ အဆင်မပြေပါပေ။

"ခိုင်းစရာလူမရှိလို့ ဝယ်ခိုင်းထားတာလေ ကိုယ်ကgayဆိုတိုင်း အနားမှာရှိနေတဲ့ ယောက်ျားတိုင်းကို စိတ်ဝင်စားနေတာမဟုတ်ဘူး ကိုယ့်သိက္ခာကိုမင်းမယုံကြည်ရင် လာမပတ်သတ်လို့ရတယ်..."

ရှင်းခန့်၏လေသံက အနည်းငယ်ခပ်ဆတ်ဆတ်လေး ဖြစ်သွားတော့မှ ဆိုင်းလော့ဒ်၏ ရှစ်ခေါက်ချိုးထားသော မျက်နှာကြီး နှစ်ထစ်လောက်ပြေကျသွား၏။ပြီးတော့ ဖြူနုသောပခုံးစွန်းလေးအား ဖိကပ်နမ်းရှိုက်ရင်းဖြင့် ခပ်ဖိဖိကိုက်ပစ်သည်။

Wild  Rose(complete)Where stories live. Discover now