"မသွားခင်  စိတ်တည်ငြိမ်ဖို့အတွက် ဂန္ဓမာ ​​​​ရေ​နွေးကြမ်း​လေး ​သောက်ဖို့ ကျွန်​တော် ပြင်လာခဲ့ပါ့မယ်။"


နာမ်စား တစ်ခုနဲ့တင်  ​ဆောက်တည်ရာမဲ့​သွား​သော စိတ်အစဥ်။
ဥ​ပေက္ခာပြုကာ  ကျောခိုင်းသွားသည့်  ထို​ကျောပြင်။
တားမြစ်ဖို့အတွက် သူကြိုးစားကြည့်လိုက်တယ်။
သူ ​သွေးရိုးသားရိုးမဟုတ်စွာ  စွဲလမ်းရတဲ့   အဲ့အရည်ကြီး​တွေကို  ဒီထက်ပိုပြီး  မ​သောက်ချင်​​တော့ပါ။
သို့​ပေမယ့် သူ့ ​သွေးသား​တွေက ဆာ​လောင်​နေဆဲ ။
ထို အရာအား ကြားလိုက်ရုံနဲ့ကို  ​တောင်း​တနေဆဲ။
အပြင်သို့ ထွက်သွားသည့် အိမ်​တော်ထိန်းကြီးက  တံခါးကို ​စေ့ပိတ်သွားသည်။
သူဟာ  တားမြစ်​သော စကား တစ်လုံးတစ်​လေ​တောင် ထွက်မကျလာခဲ့။
မဟုတ်မှ သူဟာ စွဲလမ်းသွားခဲ့ပြီလား။
အသိဥာဏ်တို့ ထုံးထိုင်း​စေတဲ့အထိ  ရစ်မူးသွားခဲ့​လေပြီလား။
သူရှုံးနိမ့်​နေနှင့်သည့်  အ​ကြောင်းအရာ​တွေထဲ  ထို ဂန္ဒမာနံ့သင်း​သောအရည်မှာ   ကျိန်း​သေ​ပေါက် ပါဝင်​နေ​ပေလိမ့်မည်။

~~~~~~~~~~~~~~~~

တရားပြိုင်ထိုင်ခုံတွင်  တိတ်ဆိတ်စွာ ထိုင်​နေ​သော  ဝမ်ရိ​ပေါ်။
​​မထီမဲ့မြင်စွာ  တစ်ဖက်​ခြေ​ထောက်​ပေါ်သို့    ​ချိတ်တွယ်ထား​သော ​ခြေတံရှည်နှင့် ​ပြောင်လတ်​နေ​သော ရှူးတို့မှာ  လိုက်​လျောညီ​​ထွေရှိလှသည်။
အ​​ဆောက်အဦးအတွင်းရှိ လူထုရဲ့  ​​ဝေဖန်စရာ အ​ကြောင်းအရာ​တွေဟာ လွဲ​ကြောင်းလွဲသွားကြပြီ။
ယခင်တုန်းက ရိ​ပေါ်ရဲ့ ပြစ်မှု​ကြောင်းဆို ယခုမှာတော့ ရိ​ပေါ် ရင်ဘတ်မှ ချိတ်ဆွဲထားတဲ့ ထိုအရာ​လေး၏ တန်​ကြေးအ​ကြောင်း။
တရားသူကြီးက  သမ္မာကျမ်းစာအား ရွတ်ဆို​နေရင်းနဲ့မှ  ဝမ်ရိ​ပေါ်၏  ရင်ထိုးထံသို့ မသိမသာ   ​​ဝေ့ဝဲလို့ကြည့်​သည်။
ရိ​ပေါ်၏  အကြံမှာ   ​အောင်မြင်စွာ   ပြိုင်ဘက်တရားလို ​ရှေ့​နေမှစလို့  မှတ်တမ်းတင်​နေ​သော စာ​ရေးအဆုံး  ထို​သော သူတို့၏  အာရုံအား စိန်တစ်ပွင့်တည်းဖြင့်    ဖမ်းချုပ်နိုင်ခဲ့သည်။
ယိုယွင်းနေ​သော   ဥပ​ဒေ  ထောက်တိုင်နှင့် လူ့​လောဘသားတို့အား   နော​ကျေ​နေသူပီသစွာ။
အ​ပေးအယူအ​ကြောင်း ​ကောင်း​ကောင်းသိတဲ့ ရိ​ပေါ်က ငါးစာအား ​အောင်မြင်စွာ ချနိုင်ခဲ့သည်။
ရိ​ပေါ်အတွက်​​တော့   ကိုယ်ကျင့်တရားဆိုတာ     ရိုးသားခြင်း​တွေနဲ့ တည်​ဆောက်ရတာမဟုတ်​ပဲ    အခ​ကြေး​ငွေ​ပေးလို့  ထိုရိုးသားခြင်း​တို့  အား တည်​ဆောက်ခိုင်းခြင်းမျိုး​သာ။
​ငွေ့နံ့သင်းသည့်အခါ  "ဘာအလိုရှိပါသလဲ" ဟု ခစား​ပေးမည့် လူသားများ​။
သို့​ပေမယ့် ဝမ်ရိ​ပေါ်ဟာ  ဥပ​ဒေအား  လက်တစ်လုံးကြား လုပ်မည့်  လူစားမျိုးမဟုတ်။
​ငွေဆို ငမ်းငမ်းတတ်ကြသည့် ထိုလူများဖြင့်   ခဏ   ကစားကြည့်  ချင်ရုံသာ။

Caligari(Complete)Waar verhalen tot leven komen. Ontdek het nu