~~~~~~~~~~~~~~~~

အဒီ​နေ့ တရားခွင်အတွက်   လိုတာထက် ပို၍  အားစိုက်ထုတ်​​နေသည့် ရိ​ပေါ်  ယခုလည်း မှန်​ရှေ့တွင်  အချိန်အ​တော်ကြာအထိ ထိုင်​နေသည်။
​သေချာစွာ စီမံထားသည့် အဝတ်အစား​တွေကို  'မှိန်လွန်းတယ်'
'​တောက်လွန်းတယ်' စသည့် အ​ကြောင်းအမျိုးတို့ဖြင့် ပယ်ချပြီးသည့် ​နောက်မှာ  ကတ္တီပါသား ဖြင့်  ချုပ်လုပ်ထားသည့်  နက်ပြာ​ရောင် suit  အား ​ကျေနပ်စွာ ​ရွေးချယ်လိုက်သည်။

"တရားရုံးလို  ​​နေရာ အတွက်  ဒီဝတ်ဆုံက အဆင်​မ​ပြေဖြစ်​လောက်မယ်  ထင်ပါတယ်။"

အိမ်​​တော်ထိန်းကြီးရဲ့  စကားကို  ဂရုမမူပါပဲ ဝမ်ရိ​ပေါ်ဟာ သူ၏ လုပ်လက်စ ဖြစ်သည့်  လက်ဝတ်ရတနာ ​သေတ္တာထဲတွင် စီတန်းထား​သော  ရင်ထိုးအချို့ကိုသာ  စူးစမ်း​နေခဲ့သည်။
မျက်လုံးထဲတွင် အထင်သာဆုံး  ဖြစ်​နေသည့်  ရင်ထိုးတစ်ခုအား  ​​ရွေးလို့ ​ကောက်ယူလိုက်သည်။
ပြိုးပြက်​နေ​သောအ​ရောင်အဝါတို့ဖြင့်    ထိုရင်ထိုးဟာ    စိန်တစ်ပွင့်ထဲနဲ့တင် 1 carat  ကို  £70,00  အထိ တန်ဖိုးရှိသည်။


"ဘယ်ဟာ​လေး ဆိုရင် ​ကောင်းမလဲ   ကြည့်လိုက်တာနဲ့  သခင်အစစ်က ဘယ်သူဆိုတာ သိသွား​အောင်"


ရွေးရင်း  ​​ရေရွတ်​လိုက်​သော စကားအဆုံးမှာ     ဝမ်ရိ​ပေါ်၏ အကြည့်တို့သည်  အ​နောက်ဘက်တွင် တိုးတိတ်စွာ  ရပ်​နေ​သော  အိမ်​တော်ထိန်းကြီးထံ မှန်မှ တစ်ဆင့်ထိုး​ဖောက်သွားသည်။
ကိုယ်​ရှေ့တွင် ယှက်​သွယ်ထား​သော လက်တို့ဟာ ပုံမပျက်။
အစွန်းနှစ်ဖက်အား ညွှတ်တင်ထား​သော  နှုတ်ခမ်းမှာ ​မျှော်လင့်ထားသလို ​ဖြောင့်တန်းမသွားခဲ့။
ရိ​ပေါ် ဘယ်​လောက်ထိုးနှက်နှက်  အ​ရေးတယူ  မပြုမှုသည့်  ထိုလူ၏  အမူအရာဟာ ရိ​ပေါ်အတွက်​တော့  အင်မတန်မှ  ​ခံပြင်းစရာ ​ကောင်းလှသည်။
စီးချင်းထိုး​နေရင်းမှ  အရှုံးသမားတစ်​ယောက်နှင့် ဆက်၍ မယှဥ်လိုဟုဆိုကာ လှည့်ပြန်တတ်သည့်  သိက္ခာချ​သော လုပ်ရပ်မျိုး။
မည်သည့် ​နေရာမှာမဆို  ထိန်းချုပ်ဖို့ ခက်ခဲ့သည့် ရိ​ပေါ်က အ​တွေးနဲ့တင်   ​ဒေါသတို့ ပွက်ပွက်ဆူလာသည်။
သို​့ပေမယ့်  မည်သို့​သောအခါတွင်မျှ    တိုက်ရိုက် မရင်ဆိုင်ပဲ ​​ကောက်​ကွေ့တတ်သည့် အိမ်​တော်ထိန်းမင်က  ​ရှောင်ထွက်ရင်သာ ကြံစည်သည်၊

Caligari(Complete)Donde viven las historias. Descúbrelo ahora