အခန်း (1729-1730)

Start from the beginning
                                    

သူက မျက်ရည်တွေဝဲရင်း ဂူမန်မန်ကို ရင်ခွင်ထဲမှာ တင်းကြပ်စွာ ဖက်ထားရင်း ပြောလိုက်သည်

" တောင်းပန်ပါတယ် မန်လေး။ ကိုယ် အသုံးမကျလို့ မင်းကို အကြာကြီးစောင့်နေရအောင် လုပ်ခဲ့မိတယ်"

" ရှင်သာ ကျမရဲ့အပိုင်ဖြစ်လာမယ်ဆိုရင် ကျမ ဒီထက်ပိုပြီး အကြာကြီး စောင့်ရမယ်ဆိုရင်လည်း အဆင်ပြေပါတယ်"

ဂရက်ဂိုရီ၏ ရင်ထဲနွေးထွေးသွားရသည်။

ပထမဆုံးအကြိမ်အနေနဲ့ သူ့ဘက်မှ စတင် နမ်းရှိုက်လိုက်သည်။

သူ နှစ်တစ်ထောင်လောက် အိပ်မက်မက်ခဲ့ရသည့်အရာကို လက်တွေ့ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ တကယ် လက်တွေ့လုပ်ဆောင်လိုက်သည့်အခါ သူဘာလို့ လေ့ကျင့်မိခဲ့မှန်း မသိဘူးဟုပင် တွေးမိသည်။

သူသိတာတစ်ခုက အရမ်းနစ်မြောပြီး ပျော်ရွှင်ဖို့ ကောင်းသည်ဟုသာ ဖြစ်သည်။ အရာအားလုံးက သဘာဝအရ သူ့အလိုလို လုပ်ဖြစ်သွားသည်။

" မဖြစ်ဘူး....ဖေးလွေ့လည်း ရှိနေတယ်လေ"

ထိုနေရာမှာတင် တစ်ဆင့်တက်တော့မည့် ဂရက်ဂိုရီကို ဂူမန်မန်က ခပ်ဖွဖွတွန်းကာ စန္ဒယားတီးနေခဲ့သော ဖေးလွေ့ကို လှည့်ကြည့်လိုက်တော့ ဖေးလွေ့က မရှိတော့ပေ။

" မင်း ကိုယ့်ကိုနမ်းဖို့ ရင်ခွင်ထဲ ဝင်လာကတည်းက သူ ထွက်သွားတာလေ"

" ဒါဆို သူတိတ်တိတ်လေး ထွက်သွားလို့ရအောင် ရှင်က ကျမကို တောင်ပံနဲ့ အုပ်ထားခဲ့တာလား"

" ဟုတ်တယ်... တစ်ခြားသူတွေ မင်းရဲ့အာရုံကို ဖမ်းစားသွားမှာကို ကိုယ်မလိုချင်ဘူး။ ကိုယ့်ကိုပဲ ကြည့်နေစေချင်တာ"

" ဒီနေရာမှာ ကျမအပြင် တစ်ခြားသူ ရှိသေးလို့လား"

ဂရက်ဂိုရီက ခေါင်းယမ်းပြကာ ပြောလိုက်သည်

" ကိုယ်က ရဲတိုက်လိုမျိုး အဆောက်အဦးမျိုးကို ဝယ်ဖို့တော့ မတတ်နိုင်ပါဘူး။ ကိုယ့်ပိုက်ဆံနဲ့ဆိုရင် ဒီလိုမျိုး သေးငယ်တဲ့ ဗီလာလေးတစ်ခုပဲ ဝယ်လို့ရတယ်"

" ရှင်က ရဲတိုက်ထဲမှာ နေရတာ မကြိုက်လို့လား"

" မဟုတ်ပါဘူး။ မင်းသာ အတူတူ ရှိနေပေးရင် ဘယ်နေရာဖြစ်ဖြစ် ကိုယ်နေချင်ပါတယ်။ ဒါပေမဲ့ ကိုယ်မင်းအတွက် အသိုက်တစ်ခု ပြင်ဆင်ပေးဖို့ လိုတယ်လေ။ ဒါမှ ရှေ့လျှောက် မင်းက ကိုယ့်အတွက် ဥ ဥပေးချင်ရင် အဆင်ပြေမှာလေ။ မင်းကို သစ်ကိုင်းပေါ်မှာ ဥခိုင်းလို့တော့ မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား"

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now