Chapter : 52

471 69 0
                                    

Chapter – 52

52 |မပျောက်ပျက်နိုင်သော စိတ်ဝင်စားမှု Indissoluble Interest

ငါ သူ့ကိုသိတာ တော်တော်ကြာခဲ့ပြီ။ ငါ သူ့ကို အရမ်း သဘောကျတယ်။

ပျော်စရာကောင်းသော နွေရာသီခရီးတိုလေးအား အုပ်စုလိုက် ဓါတ်ပုံတစ်ပုံဖြင့် အဆုံးသတ်ခဲ့ကြပါ၏။

ဆရာမတိုက်က အခန်း ၂ မှ ကျောင်းသားအားလုံးကို တောင်ကုန်းလေးပေါ်သို့ တက်စေခဲ့သည်။ အားလုံး အုပ်စုလိုက် အတူစုဝေးလျက်၊ ဆရာ၊ဆရာမ ၃ ယောက်က သူတို့အားလုံးရဲ့ အလယ်မှာ။ သူတို့ အားလုံး ရယ်မောနေကြချိန်၌ အုပ်စုလိုက်ဓါတ်ပုံအား ရိုက်ကူးခဲ့ကြသည်။

သူတို့ဘာတွေပဲလုပ်နေနေ ဖန်ချန်က ကုမင်ရှီနဲ့သာ အမြဲအတူ ရှိနေခဲ့သည်။ သူတို့ ဓါတ်ပုံရိုက်ကြတာတောင် အတူတူပင်။ ဖန်ချန်က သူ့ရဲ့ ညာဘက်မှ ဖိကာ လက်က လက်နှစ်ချောင်းထောင်၍ ကောင်းကင်ထက်က နေမင်းကြီးလို တောက်ကြွားစွာ ပြုံးရယ်နေခဲ့သည်။

-

နောက်စာသင်နှစ်မှာ သူတို့ စာသင်ခန်း မတူကြတော့ပြီမို့ ဒီနွေရာသီပိတ်ရက်တွေ ကုန်လွန်လာတော့ ဖန်ချန် အနည်းငယ် ငိုင်တွေတွေ ဖြစ်လာသည်။ သူ ကုမင်ရှီနှင့်အတူ အတန်းဖော် ဖြစ်လာခဲ့သည်မှာ ၁၀ နှစ်တာ၊ စားပွဲအတူထိုင်ရတာက ၇ နှစ်ကျော်။ လာမဲ့စာသင်နှစ် ကျောင်းတွေ စဖွင့်တာနဲ့ သူတို့တွေ မတူတော့တဲ့ စာသင်ခန်းတွေထဲ လျှောက်လှမ်းကြရတော့မည့်အကြောင်း တွေးမိရုံနဲ့တင် ဖန်ချန် ပြောခဲ့ဖူးသည့် သူလည်း အဲ့လို ဖြစ်ချင်ပါသည်ဆိုတဲ့စကားက အလိမ်အညာတစ်ခု ဖြစ်လာနေတာပင်။

နွေရာသီပိတ်ရက် တဝက်ကျိုးချိန်၊ မိဘများ အလုပ်သွားကြချိန်မှာ ဖန်ချန်က ကုမင်ရှီတို့အိမ်သို့ သွားလည်ခဲ့သည်။ ကုမင်ရှီက အိမ်မှာ သူတစ်ယောက်တည်း ကျန်နေခဲ့ရသည်မို့ နေ့လည်စာစားချိန်ဆို တော်‌တော်လေး ခေါင်းကိုက်ရသည်၊ လီဟန် အလုပ်သွားလျှင် သူ့အတွက် ထမင်းပေါင်းအိုးထဲ ထမင်းချက်ထားပေးခဲ့ပြီး၊ ဟင်းတစ်မည်၊ နှစ်မည်လောက် ချက်ထားပေးတတ်သည်ဟု ဖန်ချန်အား ပြောပြမိ၏။

ကျမရဲ့ ငှက်ကုလားအုတ်လေး (Completed)Where stories live. Discover now