တံခါးကိုနှစ်ချက်လောက်ဆင့်ခေါက်ပြီး အသင့်အနေအထားရပ်နေတုန်း.. 'ဝင်ခဲ့' ဆိုသော အသံကြီးကိုကြားလိုက်ရသည်။

နေမကောင်းတဲ့သူတဲ့။ အသံကိုက အခုချက်ချင်းထပြီး ဟိုဒင်းလုပ်တော့မယ့်အတိုင်း..အဟမ်း ..ရန်ဖြစ်တာကိုပြောတာပါ။

" သခင်လေးစိုင်းခမ်း ''

" ကိုယ်အရမ်းချမ်းနေလို့ ဖက်ထားပေးပါလား ''

ခုနကအသံနဲ့မတူစွာ ညှောင်နာနာနဲ့ ပြောလာသော ချစ်ရသူကြောင့် ရှောင်းကျန့်က ပါးကိုရွဲ့လိုက်သည်။

တော်တော်အပြောင်းအလဲမြန်တာပဲ။

"..အဲ့ဒါက.. ''

" ရပါတယ်.. ကိုယ်တစ်ခြားသူကိုပဲခေါ်လိုက်တော့မယ်..''

" ဖက်ထားပေးရင်ရပြီမလား.. ဖက်ပေးမယ် ''

ကုတင်ပေါ် တက်ပြီး ဘေးနားမှာ ဝင်လှဲကာ ပွေ့ဖက်ဖို့ လုပ်လိုက်ပေမယ့် တစ်ဖက်က မဒိန်းကျင့်တော့မယ့်အတိုင်း အတင်းဆွဲဖက်လာတာမို့ သက်ပြင်းကို ဟူးခနဲ မှုတ်ထုတ်လိုက်သည်။

ငလူးမချစ်သူ။ သူ့အသားမဟုတ်တိုင်း ကြမ်းလိုက်ရမ်းလိုက်နဲ့ ။ မအေလူး..။

စိတ်ထဲက ကြိတ်ဆဲနေပေမယ့် သွားကြီးက အအေးပက်မတတ်ဖြီးနေသည်မှာ ရှောင်းကျန့်သာဖြစ်သည်။

ရှောင်းကျန့်သည် Kitty အား ဆင့်ခေါ်ကာ နန်းခေမာအကြောင်းကို စုံစမ်းဖို့ စိတ်ကူးလိုက်သည်။

' kitty '

' အရေးကြီးပြောစရာရှိတယ် Host '

ရောက်ရောက်ချင်း ပြောလာတဲ့ kitty စကားကြောင့် ရှောင်းကျန့်က ကွက်ရှင်မာ့ခ်တွေ  ပြည့်နှက်သွားပုံပင်။

............

နန်းခေမာ...

ဇာတ်လမ်းကတော့ ဇာတ်ကြောင်းအတိုင်းသွားနေတာပင်။
သခင်ကြီးနဲ့မယ်မယ်ကြီး တို့က စဝ်ခွန်ချိုင်၏ ဇနီးလောင်းဖြစ်လာမယ့် နန်းခေမာကို အိမ်အလည်ခေါ်ခဲ့တာဖြစ်သည်။

" သားငယ် ခွန်ချိုင်က အရမ်းတော်တာ သမီးလေးရဲ့ ''

ချီးကျူးစကားတွေကို သားငယ်အားသိသိသာသာပိုပြောနေသော ဒေဝီမယ်မယ်ကြီးက သူမနဲ့ ပေးစားဖို့ရက်ရောနေသည်ပင်။

Peculiarly System [Completed ]Where stories live. Discover now