အပိုင်း (၁၅) ရေခဲတောင်အလှတရား

Start from the beginning
                                    

လောင်ယန်သည် ထိုလူထွက်ပြေးသွားသည်ကိုမြင်လျှင် ရယ်မောလိုက်သည်။ နောက်တစ်ကြိမ် အပြင်ထွက်တဲ့အခါ ငရုတ်ကောင်းမှုန့် ဒါမှမဟုတ် ရှော့တိုက်စက် ယူလာသင့်သည်။ ယခု သူ့မျက်နှာ သည် ဘယ်‌ကောညာ‌ကော နှာဘူးများကိုကို ဆွဲဆောင်နိုင်သည့် အမျိုးအစားဖြစ်သည်ကို မမေ့သင့်ပါ။ လူငယ်လေး ၏အကျီကြိုးကို လွှတ်လိုက်ပြီး သူ့ကို မော့ကြည့်လိုက်သည်။

လောင်ယန်ပြုံးပြီး "ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

ချန်ဂျီယွမ် သည် ပြုံးနေသော ယုန်‌ေလးကို စိုက်ကြည့်ရင်း သူ့လက်တွေ ဂနာမငြိမ်ဖြစ်လာပြန်သည် ။

လောင်ယန် က အဖြေကို စောင့်မျှော်နေသော်လည်း ထိုလူက နှုတ်ဆိတ်နေခဲ့သည်။ သူ့မျက်နှာမှာ ဘာအမူအယာမှမရှိတာကြောင့် သူဘာတွေတွေးနေတယ်ဆိုတာကို မပြောနိုင်ပါ။ သူသည် လူသား မဟုတ်သလို လှပသော ကြွေရုပ်တစ်ရုပ်နဲ့တူသည်။ သူ့ကို လူတိုင်းက 'ရေခဲတောင်အလှ' လို့ ခေါ်ကြမယ်ထင်သည်။

သို့သော် လောင်ယန် သည် လွယ်လွယ် နဲ့၀မ်းနည်းတဲ့သူမဟုတ်တာကြောင့် ထိုလူ၏အေးစက်မှုကို လျစ်လျူရှုပြီး ဆက်ပြောနေခဲ့သည်။ "အစ်ကိုကြီး၊ ဘွဲ့ယူမယ့်ခန်းမကို လိုက်ပို့ပေးလို့ရမလား၊ ညီလေးနဲ့ ကွဲကွာသွားတာ ။ သူ့ဆီဖုန်းခေါ်ဖို့ ကျွန်တော့်မှာ ဖုန်းမရှိဘူးဆိုတော့ တစ်ယောက်တည်း လမ်းမလျှောက်ချင်ဘူး။ အခြားနှာဘူးတွေကားဒီလိုထပ်လုပ်ရင်ဘယ်လိုလုပ်မလဲ......ကျေးဇူးပြုပြီး" သူက အတတ်နိုင်ဆုံး ချစ်စရာကောင်းအောင် သေချာမေးလိုက်သည်။

ယုန်‌လေးသည် သူ၏မက်မွန်ပွင့်ကြီးမျက်လုံးများကို မှိတ်ထားကာ၊ သူ၏ရှည်လျားသော မျက်တောင်များသည် သူ့ပါးပြင်များကို လွှမ်းထားသည်။ ချစ်ဖို့ကောင်းသည်။ ချန်ဂျီယွမ်က နူးညံ့တဲ့ယုန်လေးရဲ့ပါးကို ထိလိုက်ရုံကလွဲလို့မတတ်နိုင်ပေ။

လောင်ယန် သည် ထိုလူ၏ ရုတ်တရတ်လှုပ်ရှားမှုကြောင့် လန့်သွားသည်။ (ဒီလူ ဘာလို့ ရုတ်တရက် သူ့ပါးကို ကိုင်ရတာလဲ။) "အစ်ကိုကြီး"

ချန်ဂျီယွမ်သည် ယုန်၏ပါးပြင်ကို တွန့်ဆုတ်စွာ လွှတ်လိုက်သည်။ "ငါ့နောက်လိုက်ခဲ့" ဟု ရိုးရိုးရှင်းရှင်းပြောပြီး ခန်းမရှိရာဆီသို့ လျှောက်သွားလိုက်သည်။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now