အပိုင်း(၆၃)

12.6K 727 36
                                    


" ဖေဖေ  ဘာလိုအပ်သေးလဲဟိုမှာ အလှူအတွက် အကုန် ပြည့်စုံရဲ့လား "

" ပြည့်စုံပါပြီသားရယ် မြေးငယ်ကို ရှင်ပြုဖို့ ငယ်သေးမယ်ထင်တယ် ဘုန်းဘုန်းက တ သံ၊ က သံ မပီသသေးရင် ရှင်ပြုခွင့်မပေးဘူး ။ ဘုရားသာသနာ့ကို ဝင်မယ့် ရှင်လောင်းလျာက ဘုရားတရားတော်တွေကို ပီပီသသရွတ်တက်ရမယ် ဆိုပြီး ခဏခဏ မိန့်ကြားတယ်သား ၊ ဒါကြောင့် မြေးငယ် နည်းနည်းကြီးလာမှ ရှင်ပြုကြတာပေါ့"

" သားက ဖေဖေ နဲ့အတူ ရှင်ပြုချင်လို့ပါ ၊တခြားဆန္ဒ မရှိပါဘူးဖေဖေရယ်  သားတို့မိသားစုဝင်.."

" တော်တော့သား ...မွေးမိဘ၊ ကျွေးမိဘဆိုတာ အတူတူပဲ ၊မိဘနေရာထားပြီး အလုပ်အကြွေးပြုစု တက်ရမယ် ၊ကျွေးမိဘက ကျွေးမွေးပြုစုခဲ့လို့ သားတို့ ဒီအခြေအနေရောက်လာတာ ဒါကို သားသိနားလည်ရမယ်"

" သားတောင်းပန်ပါတယ် ၊အဲလိုသဘောမျိုးမဟုတ်ရပါဘူး၊ ဖေဖေ သာသနာ့ဘောင်မဝင်ခင် လူကြီးစုံချိန် သားငယ်ကို ရှင်ပြုချင်တဲ့သဘောပါ "

သာသနာ့ဘောင်ဝင်မည့်အဖေကို မတားရက်ပေမယ့် လူလောက အရူပ်ထုပ်တွေကြားက လွတ်မြောက်ရာ ကြိုးစားအားထုတ်မည့်ဖေဖေကို ဝမ်းသာဂုဏ်ယူမိသည်။

နယ်မြို့မှာ ဖေဖေ ပိုင်ဆိုင်တဲ့ လယ်မြေ အမြောက်အများ ကို ကျွန်တော်အမည်ဖြင့် လွဲပြောင်းပေးခဲ့ပြီး နယ်မြို့ရဲ့ အထင်ကရ နာမည်ကျော်တောရ ကျောင်းမှာ သာသနာ့ဘောင်ကို အပြီးဝင်တော့မှာမို့ ဖေဖေတို့စုဆောင်းထားတဲ့ ငွေကြေးအမြောက်အများကို ၁ လတိတိ အာဟာရ ကုသိုလ် ယူမှာမို့ကြိုတင်စာရင်းပေးခဲ့ပြီးပြီ။ ဖေဖေ သာသနာ့ဘောင်ဝင်မည့်နေ့တွင် တစ်မြို့လုံးကို အာဟာရကုသိုလ် ကျွေးပြီး ကုသိုလ်ယူမည်။

ဆရာက နယ်မြို့ကိုအတူလိုက်မည်၊ မမက  မကြာခဏ ပင်ပမ်းလာသော မားမားကျန်းမာရေးကြောင့်လိုက်ပါခွင့်မရပေမယ့် ခရီးသွားစရိတ် အစ အဆုံးကို အစ်ကိုမင်းမြတ် လူယုံတချို့ကို လိုက်ပါလာစေပြီး အကုန်တာဝန်ယူပေးခဲ့သည်။ ကိုယ့်ဇာတိမြေမို့ ဘာပြသနာမှမရှ်ိပါဘူး ကိုယ်ဘာသာ ပြန်ပါ့မည်ဟု ပြောဆိုသည်ကို အပါးတို့အိမ်တော်ကပါ လက်မခံသညိမို့ အပါး စကားကိုလက်ခံရသည်။

ချစ်ခြင်းတို့အလွန် Where stories live. Discover now