Episode (3)(Zawgyi)

Magsimula sa umpisa
                                    

“လုပ်ငန်းအတွေ့အကြုံမရှိသေးဆိုတော့ ဘာကြောင့် ဒီဈေးကွက်စီးပွားရေး စရင်းကိုင် နေရာကိုလာလျှောက်ဖြစ်ခဲ့လဲဆိုတာ ဖြေပေးလို့ရမလား...”

“ယူထားတဲ့မေဂျာနဲ့တတ်ထားတဲ့ပညာနဲ့ အကိုက်ညီဆုံးအလုပ်မို့...”

“အမ်???”

ခပ်ပြတ်ပြတ်ထွက်လာသည့်အဖြေသံကြောင့် ကြယ်စင်နှင့်တကွ သုံးယောက်လုံး‌ကြောင်တောင်တောင်ဖြစ်သွားရသည်။ဒီလောက်ရှင်းလင်းပြီး ပြတ်သားသည့်အဖြေမျိုး သူတို့အယောက်100ကျော်မေးလာတာတောင်မတွေ့ခဲ့ရ။အများစုဟာ ဝါသနာပါလို့တို့ ဘဝအာမခံချက်ရအောင်တို့
အလုပ်အကိုင်အတည်တကျရအောင်တို့ အကောင်းဆုံးကြိုးစားလုပ်ဆောင်သွားမှာပါတို့ ထပ်တူညီသည့်စကားများကိုပဲ အရှည်ကြီးဖြေဆိုသွားကြပြီး ရှေ့ကကောင်လေးလို လိုရင်းတိုရှင်းအဖြေမျိုးတစ်ယောက်မှ‌မ‌တွေ့ရသဖြင့် သုံးယောက်လုံးစိတ်ဝင်စားသွားရသည်။

“အဟမ်း ဒါဆို ဆက်မေးမယ်နော်...ဒီအလုပ်မှာ စရင်းကိုင်နေရာဆိုပေမယ့် ရုံးတင်ခြေငြိမ်နေမှာမျိုးမဟုတ်ဘူး..အပတ်စဉ် အလှည့်ကျ နယ်တွေထိဆင်းပြီး marketingဆင်းရတဲ့အခါမျိုးတွေရှိမယ်... clientsကိုကိုယ်တိုင်ရှာဖွေရမယ့်အခါလည်းရှိတယ်...အစမ်းခန့်ကာလအတွင်းမှာ အများစုက အဖွဲ့လိုက်လုပ်ရှားမှုမျိုးတွေပဲမို့ လေးညှို့စိမ်းအနေနဲ့ ပူးပေါင်းနိုင်ရဲ့လား...”

“အဆင်ပြေပါတယ်...”
ပရဟိတလုပ်တုန်းကလည်းနယ်တွေထိညအိပ်ညနေအဖွဲ့လိုက်လုပ်ဆောင်မှုတွေရှိခဲ့တာမို့ ပြဿနာမရှိသည့်အတွက် လေးညှို့အဆင်ပြေကြောင်းပြောလိုက်သည်။

“ဟင်...ဒါပဲလား ...”
သူများတွေလို ဟုတ်ကဲ့ နယ်တွေလည်းဆင်းနိုင်ပါတယ်...အဖွဲ့လိုက်လည်းသေချာပူးပေါင်းပြီးဆောင်ရွက်ပါ့မယ် ဘာညာမ ဖြေဘဲ တုံးတိအဆင်ပြေပါတယ်ဟုပဲဖြေလာသဖြင့် ဒီကောင်လေးအပေါ် အံ့ဩစိတ်နှင့်အတူ စိတ်ဝင်စားမှုများပါ ပို၍မြင့်တက်လာရသည်။

“ဗျာ...”
လေးညှို့လည်း သူ့အားစိတ်ဝင်တစားစူးစမ်းကာကြည့်နေသော လူသုံးယောက်အားကြည့်ရင်း သူဖြေတာ ဘယ်နားမှားသွားလဲဆိုပြီး စဉ်းစားနေမိသည်။

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Ongoing)Tahanan ng mga kuwento. Tumuklas ngayon