"အမ်း..အမ်းး...အမ်း..."

မျိုးခေတ် မီးဖိုဘေးရှိဖုန်းကိုယူလိုက်ကာ

"ပြီးတော့ ဒီမှာနှိုးစက်ဘာလို့ပေးထားတာလဲ
ဒီနေ့အလုပ်နားတယ်လေ...."

"မောင့်အတွက်မနက်စာလုပ်ကျွေးမလို့လေ...ကိုကို့ရဲ့စားစရာလုပ်နည်းတွေ
ကြည့်ထားလေ..."

မျိုးခေတ် ဟင်းနံ့ကိုရှုကြည့်လိုက်ကာစကားဆက်ပြောလိုက်သည်...

"ညတုန်းကလိုခေါက်ဆွဲတွေမစားတော့ဘူးနော်ခေါင်းညစ်ပတ်တယ်..."

လင်းစက် မောင့်ရဲ့ခေါင်းကိုတစ်ချက်အသာရိုက်လိုက်ကာပြောလိုက်သည်

"အဲ့တာညင်ညင်သာသာလေးအပြစ်ပေးတာနော်..သေဒဏ်မပေးတာကံကောင်း...သတိနဲ့နေလိုက်တော့ခင်ဗျား..."

"ဘာကိုစိတ်ဆိုးနေတာလဲဗျာ...
ဒါဆိုရင် ဒီနေ့ အစ်ကိုဦးရဲ့ဟော်တယ်မှာကိုယ့်ဖုန်းအတူတူသွားယူကြမယ်..."

"မစ္စ မေခတ္တာရဲ့ဟော်တယ်လေ
လုံးဝနာမည်လာမပြောင်းနဲ့..."

မျိုးခေတ် သူ့ကိုသဝန်တိုကာအကန်တွေဘဲပြောနေတဲ့ကိုကို့ကိုရယ်လျက်သာကြည့်နေမိတော့သည်....

"ပြီးသွားပြီမနက်စာ....မောင်ဆုံးဖြတ်ချက်မမှားဘူးလေ ကိုကို့ကိုလက်ထပ်ခွင့်တောင်းခဲ့တာ...ယုံလိုက်နော်...ကိုကိုကလေတော်လည်းတော်တယ်...ချောတယ်...အလုပ်ကြိုးစားတယ်..ဂရုစိုက်ပေးတတ်တယ်....အဓိကက..
ကိုကိုက မောင့်ကိုအရမ်းချစ်တယ်....မွ..."

"အင်းးး..ကိုယ့်အားနည်းချက်ကိုတော့ထုတ်မပြောဘူးပဲနော်..."

"ကျစ်...နေ့ကောင်းတစ်နေ့ကိုမဖျက်ဆီးလိုက်နဲ့လေ..."

သူတို့စကားပြောနေရင်းအိမ်ရှေ့မှဘဲလ်သံကြားလိုက်ရတာကြောင့်မျိုး‌ခေတ်စိတ်မရှည်စွာပြောမိသည်...

"မစောလွန်းဘူးလား...."

"ဘယ်မှာစောလို့လဲ ၉နာရီတောင်ထိုးတော့မယ်...ဘယ်သူလာလဲသွားကြည့်လိုက်ဦး..."

"အော်ဟော်...မောင့်ကိုဘဲအသေခိုင်းနေလိုက်တော့..."

"မင်းသေချင်လို့လား..."

မျိုးခေတ် ပြုံးလိုက်ကာ အိမ်ရှေ့ကိုထွက်လာခဲ့လိုက်တော့သည်...

UNSTOPPABLE LOVE {Ongoing}Where stories live. Discover now