အပိုင်း - ၆၈

Start from the beginning
                                    

သူ့ရဲ့ဘယ်ဘက်လက်ကို ထုတ်မယ့်ပုံမပေါ်ဘဲ တချိန်လုံး ဘောင်းဘီအိတ်ကပ်ထဲမှာပဲ ထည့်ထားတယ်ဆိုတာကို လင်ရှန်းမြင်လိုက်တော့မှ စိတ်သက်သာရာရသွားတယ်။

သူ့ရေခဲမုန့်က စပြီးအရည်ပျော်လာတယ်။

ဒီသုခဘုံလေးထဲမှာ ရေခဲမုန့်ကိုတောင် ချစ်စရာကောင်းတဲ့ ကာတွန်းဇာတ်ကောင်ရဲ့ခေါင်းပုံစံလေးအတိုင်း လုပ်ထားလိုက်သေးတယ်။

လင်ရှန်း အဲ့တာကို ခဏလောက်စိုက်ကြည့်နေပြီးတော့မှ အနည်းငယ်တွန့်ဆုတ်စွာနဲ့ ရေခဲမုန့်နားရွက်လေးကို ကိုက်လိုက်တယ်။

အဲ့တာကိုမြင်တော့ မော့ကျူးချန်က ခပ်ဟဟရယ်လာတယ် "မင်းကြိုက်တယ်ဆိုရင် ဒါစားပြီးလည်း ထပ်ဝယ်လို့ရတာပဲကို"

"ရေခဲမုန့်တွေ အများကြီးစားတာ မကောင်းဘူး" လင်ရှန်း အလေးအနက်ပြောလိုက်တယ်။

သူ(မော့ကျူးချန်) အစက အချိုတွေကို တကယ်မကြိုက်ပေမယ့် ဒီနေရာကို ဝင်လာတဲ့အချိန်မှာတော့ နေရာဒေသနဲ့လိုက်ပြီး နေသင့်တယ်။ ရေခဲမုန့်ကလွဲလို့ အားလုံးကို စမ်းကြည့်ချင်တယ်။

"ပေါက်ကရတွေ ပြောမနေနဲ့တော့ မြန်မြန်စား" လင်ရှန်း ပြောလိုက်တယ် "တခြားသူတွေကို အဲ့တာနဲ့ သွားတိုက်မိရင် မကောင်းဘူး"

"ကျစ်" မော့ကျူးချန် ရေခဲမုန့်ကို အလုတ်အနည်းငယ်ကိုက်လိုက်တယ်။

လူတန်းကြီးနဲ့အတူ သူနဲ့လင်ရှန်းလည်း ရှေ့ကို ဖြေးဖြေးချင်းတိုးသွားကြတယ်။

ဒီလိုကိစ္စမျိုးက သူစိတ်မရှည်ဆုံးအရာဖြစ်ပေမယ့် ဒီနေ့ကျတော့ စိတ်ရှုပ်သလို မခံစားရသလိုပဲ။

အထူးသဖြင့် လင်ရှန်းက ရေခဲမုန့်ကို ကိုက်,ကိုက်ပြီးစားနေတာကိုလည်း မြင်ရ၊ သူ့ဘေးနားမှာ ရပ်နေပြီး ရှေ့ကို လှမ်းလှမ်းကြည့်နေတာကိုလည်း မြင်နေရရင်ပေါ့။ သူ့ရဲ့နှစ်လိုဖွယ်မျက်နှာလေးက ကြုံတောင့်ကြုံခဲ မျှော်လင့်ချက်တွေအပြည့်ဖြစ်နေတယ်။

"မင်း တန်းစီရတာအရမ်းပျင်းနေပြီဆို ငါ..."

"မပျင်းဘူး!" လင်ရှန်းတောင် ပြောလို့မပြီးသေးခင် မော့ကျူးချန်က ကြားဖြတ်ပြောလိုက်တယ်။ သူ့လက်ကိုလည်း ထပ်ခါတလဲလဲ ယမ်းပြနေတယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now