Gentle Rain Street (4) part-1

341 46 11
                                    

"ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ။"

"Jay အ. နာတယ်လေ ဘာလို့ဖိတာလဲ။"

"ကိုရီးယားနာမည်မေးတာ။"

"JongSeong, Park JongSeong"

"ဟုတ်ပြီ Park JongSeong-sshi...။ ကြောင်အများစုကမရင်းနှီးတဲ့သူတွေဆိုရင် ခေါင်းကိုင်တာကိုမကြိုက်ကြဘူး။ ကျွန်တော့်ရဲ့ Nox လေးကတော့အရမ်းမုန်းတာ။ ခင်ဗျားကို နောက်ကျမှသတိပေးမိလို့ အဲ့ဒါအတွက်ဆောရီး။ အမှန်တော့ အဲ့ဒါကလေ ကြောင်တွေမှမဟုတ်ပါဘူး။ လူတွေလည်းခေါင်းကိုင်တာမကြိုက်ကြဘူး။ ဒါပေမဲ့လေ ခေါင်းကိုင်တာကို ဝါသနာပါနေတဲ့လူတစ်မျိုးကရှိကိုရှိတာ။ သူများကြိုက်မှန်းမသိ မကြိုက်မှန်းမသိ ခေါင်းလေးကိုင်ရမှ စားဝင်အိပ်ပျော်တဲ့သူတွေပေါ့။ အဲ့လိုလူတွေနဲ့ ကျွန်တော့်ကြောင်မလေးနဲ့ကျ အဆင်မပြေဘူး။ JongSeong-sshi ရော၊ အခုဖတ်နေတဲ့သူတွေရော မှတ်ထားနော်။ အကျင့်ပါတယ်ဆိုပြီး မြင်မြင်သမျှလူတိုင်း၊ အဲ... ကြောင်တိုင်းကို ခေါင်းမကိုင်ရဘူးနော်။"

ဆရာကြီးလိုပုံစံဖမ်းကာ ပွစိပွစိပြောရင်း သူ့အနာကိုဆေးထည့်ပေးနေသော သူ့ရှေ့ကအသက်ဝင်နေသည့်ရုပ်ထုလေး။ အခုလည်း စပ်မှာစိုးသဖြင့် နှုတ်ခမ်းပါးလေးများစုပြီး လေမှုတ်ပေးနေ၏။ 'အနာခံမှအသာစံရ' ဆိုတာပေါ့။ သူ Nox ဆိုသည့်ကြောင်မသမီးလေးကိုကိုင်ပေါက်ချင်မိသော်လည်း အနှီကြောင်မစုတ်လေးကြောင့် သူ Sunghoon နေသည့်အခန်းထဲကိုဝင်ခွင့်ရသွားခြင်းမဟုတ်လား။

"ကဲ... ပြီးပြီ။ နာသွားတော့ ပင်ပန်းသွားမှာပေါ့။ ဘာသောက်မလဲ။"

"ကော်ဖီ...။"

"အာ... အဲ့ဒါက... အင်း ကော်ဖီမရှိဘူး။ အားနာစရာကြီး။"

"ရပါတယ်။ ခင်ဗျားအဆင်ပြေသလိုနေ။ Nox ကအစာကျွေးဖို့ပူဆာနေပြီ။"

"So now you're okay with me staying in your house?"

"Not really... but because of Nox being mean to you, I should treat you nicely as the owner of Nox."

"Okokok... i feel drowsy now. Can I take a nap here?"

"Umm i think so. But my bed isn't that soft. Are you sure you wanna take a nap?"

"Nah, I'm okay as long as it's yours, baby"

သူ့ကို Wink တစ်ချက်လုပ်ပြသွားပြီး အိပ်ခန်းရှိရာသို့ဝင်သွားသော Park Jong Seong ကိုကြည့်ရုံသာကြည့်နေနိုင်တော့သည်။ စိတ်ရှိသလိုသာဖြစ်ပါစေတော့လေ။ သူဌေးသား၊ သူဌေးသမီးတွေရဲ့စိတ်က ခန့်မှန်းရအခက်သားလား။

Gentle Rain Street (Jayhoon)Unde poveștirile trăiesc. Descoperă acum