အခန်း ၆/ကိုယ်တော့်ကိုဝတ်ရုံတော်ပြင်ဆင်ပေး

Mulai dari awal
                                    

ကျစ်......

ဝေ့လျန်သာ ယမန်နေ့ညက ဖြစ်ပျက်ခဲ့သမျှကို မှတ်မိမနေပါက သူ့စကားကို ယုံမိသွားမည်ပင်။

ချင်ဧကရာဇ်၏ မျက်တောင်မခတ်တမ်း လိ
မ်ညာပြောတတ်သော အရည်အချင်းသည် အမှန်စင်စစ်ကို ပထမတန်းစားဖြစ်သည်။

ချင်ဧကရာဇ်က သို့နှယ်ဆိုလာမှဖြင့်တော့ ဝေ့လျန်လည်း အလျော့ပေးစရာအကြောင်း မရှိချေ။

သူသည် ချက်ချင်းကို အံ့သြကြောက်ရွံ့သွားသော အကြည့်မျိုး ပြောင်းလိုက်ပြီး တဖြည်း
ဖြည်း နီမြန်းလာပြန်သော ပါးနှစ်ဖက်ဖြင့် မွှန်ထူသွားသော အမူအရာမျိုးပါ ပေါင်းထည့်လိုက်လေသည်။

"ရှက်တယ်ပေါ့?"

ကျီယွယ့်သည် ဝေ့လျန်ကို အနိုင်ကျင့်၊ကျီစ
ယ်ရန် အရှေ့တိုးလာရာ သူ့ဆံနွယ်ရှည်များက ဝေ့လျန်၏ ပါးပြင်ကို ထိရိုက်မိပြီး ယား
ကျိကျိဖြစ်စေခဲ့သည်။

ဝေ့လျန်သည် ပျာယာခတ်နေသော အကြည့်များဖြင့် မျက်လုံးပင့်ကြည့်ရင်း စကားပြောရန် နှုတ်ခမ်းဟလိုက်၏။

"ခင်ဗျား....."

သို့သော် ချင်ဧကရာဇ်က သူ့မေးဖျားကို ဖမ်းကိုင်ခဲ့သည်။

ကျီယွယ့်၏ ဖီးနစ်ငှက်သဖွယ် မျက်ဝန်းများ
သည် ဝေ့လျန်မျက်နှာကို အသေးစိတ် ​ရှုနေရင်းဖြင့် အတန်ငယ် ကျဥ်းမြောင်းသွားပြီး ချီး
မွမ်းသည့်နှယ် သက်ပြင်းချလာ၏။

"အလှလေးပဲ"

"မင်းလို အလှလေးက မောင်းမဆောင်မှာ ကြီးပြင်းလာပြီး ယောကျာ်းတွေကို မြူဆွယ်ရတယ်လို့။အဲ့ဒီချူဧကရာဇ်ကတော့ ပုလဲလုံးကို ငါးမျက်လုံးလို ဆက်ဆံပြီး နန်းတွင်းထဲမှာ နှစ်တွေအကြာကြီး နွမ်းရိစေခဲ့တာပဲ။ကိုယ်သာ သူဆိုရင်လေ မင်းကို အရသာခံပြီးတာဖြင့် ကြာလှရှိပြီ"

ညစ်တီးညစ်ပတ် အရှက်ခွဲသော စကားတိုင်းသည် မထူးဆန်းလေဟန်ဖြင့် ကျီယွယ့်၏ နှု
တ်ခမ်းဖျားမှတဆင့် ရိုင်းပျစော်ကားစွာ ထွက်အံလာခဲ့သည်။

ကျီယွယ့်၏ စကားက အလုံးစုံတော့ မှားယွင်းမနေဟု သူအမှတ်ပေးလိုက်သည်။ဝေ့လျန်သည် တကယ်ကို လှ၏။သူကိုယ်တိုင်လည်း ဤအချက်ကို သံသယကင်းစွာ လက်ခံထား
သည်။

ထိမ်း​​မြားပဏ္ဏာအင်ပါယာTempat cerita menjadi hidup. Temukan sekarang