အခန်း ၆/ကိုယ်တော့်ကိုဝတ်ရုံတော်ပြင်ဆင်ပေး

Start from the beginning
                                    

"ချင်ဧကရာဇ်...."

ကျီယွယ့်သည် ပျင်းတိပျင်းရွဲဖြင့် ကိုယ်တစ်
ဝက်ထောက်လိုက်ရာ မင်ရောင်ကဲ့သို့ နက်မှောင်နေသော ဆံနွယ်ရှည်များသည် ပုခုံးပေါ်သို့ ကျလာပြီး သူ့အသွင်က အတော်လေးကို စွဲမက်ဖွယ်ကောင်းနေ၏။ထို့နောက် သူ့ရှေ့၌ ဒူးထောက်နေသော လူငယ်ကို စိတ်ဝင်စားအပြည့်ဖြင့် စိုက်ကြည့်ရင်း

"ကြည့်ရတာ အခုမှ တကယ်နိုးလာပုံပဲ"

ဝေ့လျန်က တိုးညှင်းစွာ ပြန်မေးလိုက်သည်။

"မနေ့ညက....ဝေ့လျန် အရှင့်အပေါ် အမှားတစ်ခုခုများ ပြုခဲ့မိသလား?"

သိပ်ကြီးကြီးမားမားတော့မဟုတ်ပေ။ယမန်
နေ့ညက သူလုပ်ခဲ့သည်ဆိုလို့ ဝတ်ရုံတော်ကို မလွှတ်တမ်း တစ်ချိန်လုံး ဆုပ်ကိုင်ထားပြီး သူ့ကို ပွေ့ဖက်၍'မယ်တော်'ဟု ခေါ်ရင်း မျက်
ရည်၊နှာရည်များဖြင့် သူ့တစ်ကိုယ်လုံးကို လို
က်သုတ်ခဲ့ခြင်းတို့သာ။

နောက်အနှစ်ရှစ်ရာလောက် ကြာသွားရင်
တောင် ဘယ်သူကမှ ကိုယ်တော့်ကို အဲ့သလို
လုပ်ဝံံ့မှာ မဟုတ်ဘူး!

ကျီယွယ့်က အမှန်အတိုင်း ပြန်ဖြေရမည့်အ
စား ကျီစယ်လိုက်သည်။

"ဘာအပြစ်မှ မလုပ်ခဲ့ဘူး။မင်း ကိုယ့်ကို ကော
င်းကောင်းမွန်မွန်လေး ခစားပေးခဲ့လို့ အတော် စိတ်ကျေနပ်ခဲ့ရတယ်"

လူငယ်လေး၏ ခပ်တွေတွေ အကြည့်များသ
ည် အင်မတန် တည်ကြည်သွားပြီး ယမန်နေ့ညက သူတွေ့ခဲ့သည့် မှေးဖျော့၍ ချစ်စရာကောင်းသော အကြည့်များနှင့် လုံးဝမတူတော့ချေ။ကျီယွယ့်သည် လူငယ်လေး၏ မျ
က်နှာ မည်သို့မည်ပုံ နီမြန်းသွားမည်ကို မြင်ချင်၍ တမင်သက်သက် ကျီစယ်လိုက်ခြင်းဖြ
စ်သည်။

သူမြင်ချင်သည့်အတိုင်း၊ဝေ့လျန်၏ မျက်နှာသည် အံ့သြသွားသော အကြည့်များနှင့်အတူ နီရဲတက်လာတော့သည်။

......ခစားတယ်?

ကျီယွယ့်သည် အနည်းငယ် ပြုံးလိုက်ရင်း။

"မင်း မနေ့ညကတုန်းက အရမ်းဖျားနေတာဆို
တော့ ဘယ်မှတ်မိတော့မလဲ။ဒီသလွန်တော်ပေါ်မှာ မင်းရှိနေလို့ ကိုယ်ကတော့ ကံကောင်းသွားတာပေါ့"

ထိမ်း​​မြားပဏ္ဏာအင်ပါယာWhere stories live. Discover now