Gentle Rain Street (3)

Start from the beginning
                                    

အမှန်အတိုင်းဝန်ခံရမည်ဆိုလျှင် ထိုလူက Sunghoon ရဲ့စိတ်ထဲရှိမနေဘူးဆိုတာ လိမ်ပြောခြင်းသာဖြစ်သည်။ ထိုလူရဲ့ ပြောဆိုဆက်ဆံပုံများက ထူးခြားနေပြီး Sunghoon အတွက်တော့ ကြောင်တစ်ကောင်နှင့်တူလှသည်။

ပိုက်ဆံကြောင့် ကော်ဖီဆိုင်မှာအလုပ်ထပ်လုပ်ရသော Sunghoon နှင့် Bartender အလုပ်ကိုဝါသနာပါသော Sunghoon တို့က နေရာပေါ်မူတည်ပြီး ပြောဆိုဆက်ဆံပုံများမတူညီသော်လည်း ထိုလူကတော့မပြောင်းမလဲပေ။

Sunghoon ကြောင်တစ်ကောင်၏ဥပဒေသများအတိုင်း လိုက်နေခဲ့ဖူးသော်လည်း အခြေအနေအကြောင်းကြောင်းကြောင့်မနေနိုင်သေးပေ။ ဒါပေမဲ့ သူ့ဘေးကထိုလူကတော့ ကြောင်တစ်ကောင်၏ဥပဒေသများအတိုင်း နေထိုင်နေသလားဟုပင်ထင်ရသည်။

သူ့ရဲ့ကြောင်နက်လေးပြီးရင် ထိုလူဟာသူမြင်ဖူးသည့် ကြောင်လိုလူတစ်ယောက်ပင်။

လိုချင်တာကိုတောင်းမည်။ မရလျှင်ပိုကျယ်သည့်အသံနှင့် အော်တောင်းမည်။ ထိုလူရဲ့အမူအကျင့်တစ်ခုကို Sunghoon ကောင်းကောင်းနားလည်ပြီဟုပင်ပြောလို့ရသည်။

"So... Mr. I don't know your name, here's my apartment I'm stuck in. And i think there is no more burden of you about worrying my arrival to my place. Could you just get the fuck outta here!"

"Woah.. chill, baby. It's not like I will bite you. Can I get in?"

"Hell no!"

"Why? I promise you, I won't do anything."

"Firstly, you appeared out of nowhere and made me pay the goddamn coffee bill. AND THEN after four days, it was you again showed up at my workplace and left me with your fucking Daimond credit card! I was called out and the whole crowd looked down on me as a pickpocket and the old dumbass manager capped my bonus salary."

"Oh.. I.. I'm.."

"Tell me. Tell me, my fellow american. What's wrong with me just not taking other shits from problematic people like you and longing for a peaceful life?"

"No.. I'm sorry. I didn't know that."

"Flee from my presence before my knuckles get bloody with from your nose."

Sunghoon စိတ်တိုတိုနှင့် အခန်းတံခါးသော့ကိုဖွင့်လိုက်တော့ တံခါးနောက်ကွယ်က ကြောင်နက်လေးတစ်ကောင်ကအပြေးလာပြီး သူ့ခြေထောက်နားမှာပွတ်သပ်နေတော့သည်။

"Nox, you're a little different this time. Maybe I've got food for you today."

"Sunghoon ကကြောင်မွေးထားတာလား။ ချစ်စရာလေးပဲ။"

ထိုလူက ဒူးတစ်ဖက်ထောက်ပြီး Nox ကိုလက်နှင့်ပွတ်သပ်ပေးသည်။

Nox ဆီက ညှောင် ဟုဖိအော်သော အသံထွက်လာပေမဲ့ ထိုလူကဂရုမစိုက်သဖြင့် Sunghoon သတိလှမ်းပေးသော်လည်း မမီလိုက်ပေ။

"သတိထားနော်။ Nox ကခေါင်းကိုင်..."

"အား........"

"တာမကြိုက်ဘူးလို့..။"

°•°•°•°•°•°

TBC

(တစ်ခုလောက်ရှင်းချင်လို့ပါ။ ဒီ Jayhoon fanfic က Seattle, American မှာအခြေချပြီးရေးထားတာပါ။ ဒါကြောင့်ဟိုးအစတည်းက ပြောသမျှ Dialogue တွေက English လိုတွေပြောနေကြတာပါ။ အဲ့ဒါက Swan ရဲ့လှိုင်းပြာကိုဖတ်ပြီး mixed language နဲ့ရေးမယ်လို့စိတ်ကူးနေပေမဲ့ မကြိုက်ကြမှာစိုးလို့ မြန်မာလိုပဲ ရေးလိုက်ပါတယ်။ ဒါပေမဲ့ အခုတော့ ရေးချင်လာလို့ Mixed language နဲ့ရေးလိုက်ပါပြီနော်။ ~Mixed language နဲ့ရေးတဲ့ idea က inspired ယူထားတာပါ။~

English လိုရေးတာက English လိုပြောတာဖြစ်ပြီးတော့
မြန်မာလိုရေးတာတွေက ကိုရီးယားလိုပြောတာပါ။)

အဆင်မပြေတာရှိရင် တောင်းပန်ပါတယ်နော်။
အမှန်က Flame ခင်ရတဲ့လူနှစ်ယောက်ကိုပဲ ဒီ fanfic သွားပြခဲ့ပြီးတော့ သူတို့နှစ်ယောက်ကြောင့်ပဲ ဒီ fanfic ကိုရေးခဲ့တာပါ။ သူတို့ကပြန်ပြရင်တော့မပြောတတ်ပါဘူး။ ဒါပေမဲ့ တခြားသူတွေဝင်ဖတ်ထားတာတွေ့လို့ vote ခဲ့တဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။

ဒီအပိုင်းကနည်းနည်းတိုသွားပါတယ်။ ဆက်ရေးရင် ဖြတ်လို့မကောင်းလို့ ဖြတ်လို့ကောင်းတဲ့နေရာမှာဖြတ်လိုက်တာပါ။

နောက်တစ်ပိုင်းအခုရေးနေပါပြီနော်။🥲

Gentle Rain Street (Jayhoon)Where stories live. Discover now