"လွမ်းဇင်မိုးထက်ဇော် ငါမင်းကိုမိတ်ဆက်ပေးမယ် ဒါမှမင်းဘယ်သူကိုယဉ်ယဉ်ကျေးကျေးဆက်ဆံရမယ်ဘယ်သူကို လေးလေးစားစားဆက်ဆံရမယ်ဆိုတာကိုသိရအောင်လို့ "

"Daddyဘာကိုပြောချင်တာလဲ "

"သွန်းထက်လေးကို အခု မင်းရဲ့မာမီအဖြစ်သတ်မှတ်လို့ရပြီး ငါလက်ထပ်လိုက်ပြီး ပွဲကတော့ နောက်လလောက်ကျင်းပဖို့ရှိတယ် ဖိတ်စာကိုမင်းအတွက်ပိုရင်ပို့လိုက်မယ်.... aww လပြည့်လေး ကအခုကစလို့ ငါရဲ့အမွေစားအမွေခံ သားဘဲ"

"Daddy အခု...အခု ဘာတွေ့ပြောနေတာလဲသိရဲ့လား"

"မင်းနားလည်ရင် သွန်းထက်လေးကိုရော့ လပြည့်လေး ကိုရော့ ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံဖို့လိုတယ် မဟုတ်ရင်မင်း ငါတို့မျက်စိရှေ့ပေါ့မလာနိုင်အောင်လုပ်ပစ်ရလိမ့်မယ် "

"Daddy ဘာတွေ့ပြောနေတာလဲ...သမီးက daddy သမီးလေ ဘာကြောင့်သူစိမ်းတွေ့ရှေ့မှာဒီလိုပြောရတာလဲ ဟင့် ဟင့်..."

ဟန်ဆောင်ပန်းဆောင်နဲ့ငိုနေသည့်သူမကိုချန်ထားကာ

"Baby ဗိုက်ဆာနေပြီမလား... မနက်စာသွားစားကြမယ်လေ "

"ဟုတ် အိမ်မှာစားမှာမလား"

"အိမ်မှာက feelပျက်တယ် ကိုယ်တို့မိသားစု၃ယောက်အပြင်ထွက်စားကြရအောင်လေ "

"ခိခိ...ဖေဖေကအကောင်းဆုံးဘဲ... သားသားရေခဲမုန့်စားလို့ကော့ရလားဟင့်"

"လပြည့်လေးမနက်ပိုင်းအအေးစာစားတာကမကောင်းဘူးလေ"

"လပြည့်လေး သားပါးပါးပြောတာမှန်တယ် သားအတွက်ဖေဖေကနေ့လည်ဘက်ဝယ်ပေးမယ်လေနော် "

"တကယ်နော် yayyyy "

မိသားစု၃ယောက်သားထွက်သွားပြီးနောက် ငိုနေသည့် သူမကအငိုရပ်ကာ အိမ်ထဲသို့ဝင်ရန်ပြင်လိုက်တာကြောင့် ဉီးမောင်ကိုတားထားလိုက်သည်။

"မမလေး သခင်ကြီးခွင့်ပြုချက်မရဘဲအခုလို အခန်းတွေ့ထဲ ဝင်တာမကောင်းပါဘူး "

"Daddyက အဲကောင်ကိုတကယ်လက်ထပ်လိုက်တာလား လွမ်းကိုညာတာလား"

"တကယ်လက်ထပ်ခဲ့တာ "

After being reborn, he became her father (No Translation OC fic)Where stories live. Discover now