Zawgyi ver
"ကိုင်... ဆို"
"အာ...ကျွန်တော်နာမည်က "
"သွန်းထက်နေ အသက်က ၂၀ အမေဖြစ်သူက လွန်ခဲ့တဲ့၂နှစ်လောက်ကဆုံးသွားပြီး အဖေဖြစ်သူက မကြာသေးခင်ကနောက်အိမ်ထောင်ပြုထားတယ်... ညီဖြစ်သူတစ်ဉီးတည်းနဲ့အတူနေထိုင်တယ်... ဟုတ်တယ်မလား"
"ဟုတ် ဟုတ်ကဲ့"
"Aww ထပ်ရှိသေးတယ်... လွမ်းဇင်မိုးထက်ဇော် ရဲ့ ချစ်သူကောင်လေးပေါ့"
"အာ...အာ...ဉီးကောင်း အထင်လွဲနေပြီ... ကျွန်တော်နဲ့ ကျွန်တော်နဲ့ လွမ်းဇင်မိုးထက်ဇော် က ပြတ်သွားပါပြီ "
လေသာဆိုဖာပေါ်မှာ ဟန်ကျကျထိုင်ကာ ခြေခလိထိုးထိုင်လျက် ကော်ဖီခါးကိုသောက်နေသည့် ဉီးကောင်းကသူ( သွန်းထက်နေ) ရဲ့စကားကြောင့် သူကို ဉီးကောင်းက အနည်းငယ်စိုက်ကြည့်ကာ စကားထပ်ဆိုလာသည်။
"ဒီတော့ မင်းကကိုယ်ဆီကိုဘာကြောင့်များရောက်လာတာလဲ "
"ကျွန်...ကျွန်တော်ပြောတာကို ဉီးကောင်းယုံပါမယ်လို့
ကတိပေးနိုင်မလားဟင့်မယုံရင်တောင် မောင်းမထုတ်ပါဘူးလို့ကတိပေးနိုင်မလားဟင့်""ဟက်...ဒါကတော့မင်းစကားပေါ်မူတည်တယ်လေ... ကိုယ်ယုံကြည်နိုင်သမျှတော့ ယုံကြည်ပေးနိုင်တယ် "
"အာ...."
ကောင်ငယ်လေးက သူစကားကြောင့်အနည်းငယ်တွေးတော့နေသည့်ပုံစံဖြင့် ခေါင်းလေးကိုအောက်ကိုအသာငုံ့ကာ ခဏလောက်စဉ်းစားနေခဲ့သည်။ ဆံကေသာအနက်ရောင်လေးက ထို့ကြောင့်နဲ့ လိုက်ဖက်စွာ အလွန်ကြည့်ကောင်းနေခဲ့သည်။
"ဒါဆို ကျွန်တော်စွန့်စားကြည့်ရမှာပေါ့ တကယ်လို့... တကယ်လို့ ကျွန်တော်ပြောစကားကိုယုံကြည်တယ် ဉီးကောင်းအတွက်အသုံးဝင်တယ်ဆိုရင်.... ကျွန်တော်...ကျွန်တော်အတွက် အလုပ်လေးတစ်ခုလောက် နေရာပေးနိုင်မလားဟင့်"
"အလုပ်လေးတစ်ခုတည်း"
ကောင်းကင်လွမ်းဇော်က ထိုကောင်လေးစကားကြောင့် အနည်းငယ်အံ့သြလျက် ရယ်ချင်သွားမိတယ်....
အပေးအယူဆိုတာရှိစမြဲလေ သေချာပေါက်ဒီကောင်လေးဒီကိုလာကတည်းကတောင်းဆိုစရာရှိနေတယ်ဆိုတာကို သူသိနေခဲ့တယ်လေ...
ВИ ЧИТАЄТЕ
After being reborn, he became her father (No Translation OC fic)