အစ်မဖြစ်သူရဲ့ လိပ်စာအတိုင်း ၀င်လာတော့ အထပ်မြင့်တိုက်ကြီးများ တန်းစီနေသည့် လမ်းထဲသို့ ရောက်လာသည်။ သုံးလွှာမို့ သိပ်မတက်ရပေမဲ့ မန္တလေးက နှစ်ထပ်အိမ်လေးနှင့်တော့ ခံစားချက်ကွဲပြားပါ၏။

ဘဲလ်တီးလိုက်‌တော့ သားက လာဖွင့်သည်။ မြင်လိုက်ရတဲ့သားမျက်နှာ ကြည်ကြည်လင်လင်လေးကြောင့် သူမစိတ်ထဲအေးချမ်းသွားသည်။
အဆင်ပြေနေလို့ တော်ပါသေးတယ်!

သားက သူမလာမည်ကို သိသည်ထင်၏။ လက်ထဲမှ အထုတ်များကို ကူဆွဲကာ အိမ်ထဲသို့ ဦးဆောင်ခေါ်သည်။

အဆင့်အတန်းမြင့်လှသော တိုက်ခန်းကျယ်ကျယ်အား ဝေ့ဝဲကြည့်ရင်း မျက်ရည်များဝေ့တက်လာသည်။ နွေရာသီတိုင်း ညီအစ်ကိုနှစ်ယောက်လုံးကိုခေါ်ကာ လာနေကြပေမဲ့ ယခုတစ်ခါတော့ ဘာရယ်ကြောင့်မှန်းမသိ...စိတ်ထဲမကောင်း။

"မေမေ~~ထိုင် "

ရန်ကုန်မှာခဏသွားနေခိုင်းလို့ စိတ်ခုနေမလား တွေးမိခဲ့ပေမဲ့ သားပုံစံက စိတ်ဆိုးနေဟန်မရှိ။

မိုးသန့်ညိမ်က သံပရာရည်တစ်ခွက်ကို ဖျော်လာကာ မေမေထံသို့ ကမ်းပေးလိုက်သည်။ မေမေပုံက တစ်ခုခုကို စိတ်မချမ်းသာဖြစ်နေပုံရသည်။

"မေမေ ဘာဖြစ်လို့လဲ။ ဖေဖေနေမကောင်းလို့လား "

"မဟုတ်ပါဘူးကွယ်။ မင်းဖေဖေကနေကောင်းပါတယ်။ ဒါပေမဲ့ နေမကောင်းတာက သားညီလေး"

"ညီငယ်က ဘာဖြစ်လို့လဲ"

"သားငယ်က အစာအိမ်တစ်ခုခုဖြစ်နေပုံရတယ် သားရဲ့ ။ အမြဲအောင့်တယ် အောင့်တယ်နဲ့ ။ ဒါပေမဲ့ မေမေတို့လည်း ရိုးရိုးထင်တော့  ဆေးပဲပုံမှန်တိုက်တာပေါ့ ။ နောက်တော့ ဆေးရုံသွားတော့မှ အစာအိမ်ရောဂါတဲ့ ။ သိတဲ့အတိုင်း အဲ့ရောဂါက အရှင်းမပျောက်ဘူးလေ ။ ဆေးတွေပုံမှန်စွဲသောက်နေရတယ်"

မိုးသန့်ညိမ်က စုတ်တစ်ချက်သပ်လိုက်ပြီး....

"သားသိတယ် ။ သူ့ကိုအမြဲ ထမင်းအချိန်မှန်စားဖို့အမြဲပြောတယ် ။ မေမေ့သားငယ်က စကားလုံး၀နားမထောင်ဘူး "

"အေးကွယ် ။ ငယ်ငယ်တည်းက အလိုလိုက်ထားမိတော့လည်း…ဆိုးတယ်။ ဒါနဲ့ သားအဒေါ်ရော"

Love Of My Life [Completed]Where stories live. Discover now