💢 Part - 11 💢

Start from the beginning
                                    

        " ကလေးလေး...။ကိုယ့်အသဲလေးရာ...မငိုပါနဲ့တော့ဗျာ...။ကိုယ်တောင်းပန်တယ်နော်...။ကိုယ့်ကလေးကို အစောကြီးငိုအောင်လုပ်မိတယ်..။ကိုယ်မှားတာပါ...ခွင့်လွှတ်နော် ကလေး....။ "

        " ဟင့်....ဟင့်...ကလေးက...ဟင့်...ကလေးက ဝမ်းနည်းသွားတာကို..။ဟင့်...ကိုကဘာလို့ ဆူတာလည်း...။ "

        " ဆူတာမဟုတ်ပါဘူး ကလေးငယ်ရယ်...။ကိုယ်က စကားပြောမတတ်တာပါ...။"

        " ထားလိုက်ပါ...။ခု ထ တော့နော်...။ရေချိူးတော့ ကလေးကို့အတွက် အဝတ်စားထုတ်ထားမယ်...။ပြီးရင်မိတ်ကပ်လိမ်းပြီး မနက်စာစားရအောင်...။ "

        " ဟုတ်ကဲ့ပါဗျ...။ကိုယ့် ကလေးလေး သဘောတော်အတိုင်းပါဗျာ...။ " 

       ရိပေါ်က ရှောင်းကျန့်ကို ရင်ခွင်ထဲကထုတ်ပေးလိုက်ပြီး Bathrobe လေးတစ်ထည်ကိုယူကာ ရေချိူးခန်းထဲဝင်ခဲ့တော့သည်...။

        ချစ်ရတဲ့ကို ရေချိူးနေတုန်းလေယာဥ်ကွင်းဆင်းချိန် ကိုဝတ်မဲ့ပေါ့ပါးတဲ့အဝတ်စားကို ရွေးချယ်ပေးပြီး မိတ်ကပ်လိမ်းဖို့အဆင်သင့်ပြင်ကာ ကိုပြန်ထွက်လာမဲ့အချိန်ကိုစောင့်နေလိုက်တယ်..။

        ခဏကြာတော့ Bathrobe လေးဝတ်ပြီးရေချိူးပြီးလာတဲ့ကိုက မျက်နှာပေါ်မှာရေစက်ရေပေါက်လေးတွေနဲ့ နုတ်ခမ်းထူထူလေးကလည်း စိုရဲလျက်....။

        ရှောင်းကျန့်ဟာ ကိုရေချိူးပြီးစ အချိန်လေးရဲ့ချောမောမှုကို တငေးတမောနဲ့ကိုမေ့မေ့လျော့လျော့ကြည့်နေမိတော့သည်....။

        " ကလေးလေး....အဲ့လောက်ကြည့်နေတာ ကိုယ်ချောလို့လား..."

        " ဟင့်....ကို့ကို စိတ်မချပါဘူး...။ခင်ဗျားချောပုံချောနည်းနဲ့ မိန်းကလေးတွေဝိုင်းကြိုက်နေကြတာ သဝန်တိုတယ်...။ "

        " ဟုတ်လား...အွန်းး...လာပါအုံး...။အဲ့သဝန်တိုနေတဲ့ ချစ်မွှေးလေးကိုချီပါရစေအုံး..။ "

        ရိပေါ်က နုတ်ခမ်းလေးတထော်ထော်နဲ့ပြောပြီး သူ့မျက်နှာကရေစက်တွေကို တစ်ဘက်လေးနဲ့သုတ်ပေးနေတဲ့ကောင်လေးအား တင်ပါးလေးကိုထိန်းလို့ချီမ လိုက်တယ်...။

💢🔞 ကို 🔞💢 COMPLETEDWhere stories live. Discover now