Ep 27 Uni+Zawgyi

10.1K 533 20
                                    

Unicode

"လာ ကိုယ့် ရင်ခွင်ထဲ"

"စာမရ​​သေးဘူး ကိုကိုရဲ့"

မျက်နှာ​လေးရှုံ့မဲ့ကာညည်း​နေသူ ကိုယ်က​တော့ ​ရေမိုးချိုးပြီး အိပ်ရာ​ပေါ်အခန့်သား က​လေးက​တော့ ​အိပ်ရာ​ဘေးက စာကြည့်စားပွဲ​လေး​ပေါ်မှာ စာ​အုပ်​လေးကြည့်ပြီး မျက်နှာက ငိုချင်ရက်လက်တို့​လေး ပြန်​ရောက်​ရောက်ချင်း ​ပြောချင်သမျှ​ပြောထားခဲ့ရလို့ စိတ်က​ပေါ့​နေသည် က​လေးအတွက်ဝယ်လာတဲ့ ​ရေခဲမုန့်ဘူးကြီးကို​ရှေ့ချ​ပေး​တော့ စာ​လေးကြည့်လိုက် ​ရေခဲမုန့်​တစ်ဇွန်းခပ်လိုက်ငုံလိုက်နှင့် စိတ်သက်သာရာရ​နေပြီး အိပ်ခံနီးမှ ညည်းညူ​နေ​တော့တာပဲ

"ကိုကိုဝိုင်းကျက်​ပေးရမလား"

ထိုစကားကြား​တော့ ​ခေါင်းကိုချာကနဲလှည့်လာပြီး မျက်နှာ​လေးဆူပုတ်ပုတ်လုပ်လို့ လက်ညှိုး​လေးတစ်​ချောင်းကိုခါရမ်းပြီး

"နိုး နိုး နိုး မကျက်​ပေးနဲ့ ပြီးရင်ကိုကိုက စာအရင်ရသွားရင် ငယ်ပဲကိုကို့ကို မနာလိုရမှာ"

"အဲ့​တော့ ကိုယ်က ဘာကူရမလဲ ​ဒီလိုလုပ် ​ကျောင်းဆက်မတက်​တော့နဲ့ ​ယောက်ျားလုပ်စာပဲထိုင်စားမလား"

"အင်း တစ်ခါတစ်​လေ​တော့လဲ စာမရရင် အဲ့လိုလုပ်ချင်ရဲ့သား ဒါ​ပေမယ့်လဲ ကိုကိုရယ် လူ့ဘဝဆိုတာ ဒီလိုဒုက္ခ​လေး​တွေ​တော့ရှိမ​ပေါ့​လေ"

အ​ဖြေစကားကို ​ဘောပင်​လေး ​မေး​ထောက်လို့ ချစ်စရာဖွယ်​ဖြေ​နေသည်မို့ မာန်ထက်လွှား ရင်ထဲ အသည်းတယားယားနဲ့​ပေါ့

​ဖြေပြီးတာနဲ့ ​ခေါင်း​လေးပြန်လှည့်သွားပြီးငူငူ​လေးစာကြည့်​နေသူအား စိတ်မထိန်းနိုင်တော့ ချက်ချင်းထရပ်လို့ ​ခြေ​ထောက်​လေးနဲ့​ကျော​လေးမှ​ပွေ့ချီရင်း အိပ်ရာ​လေးထဲမှာ ​ထွေး​ပွေ့လိုက်ရင်း မျက်နှာအနှံ့ အနမ်း​တွေစွတ်​စေလိုက်သည်

"ငယ်ရယ် အသည်းယားလိုက်တာ စာမရရင် မ​ဖြေချင်သွား​ဖြေမ​နေနဲ့ ငယ်စိတ်ညစ်ခံမ​နေနဲ့"

ငုံ့မိုးထားသည်မို့ မျက်လုံးဝိုင်းစက်စက်​လေး​တွေဖြင့် ကျွန်​တော့်အား​မော့ကြည့်ရင်း

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now