----

"Bible မင်းကလဲကြာလိုက်တာကွာ ၀က်သားအချိုချက်ဝယ်ရင်းဖြစ်ကိုယ်တိုင်ဝက်သားအချိုချက်ဖြစ်နေတာလားလို့
ငါစောင့်နေတာကြာပြီ ဖုန်းကလဲမကိုင်...."

ပေါက်ပေါက်ဖောက်နေတဲ့buiကငါ့ကိုတွေ့တာနဲ့ စိတ်ရှုပ်နေတဲ့မျက်နှာလေးကနေစိတ်ပူသွားတဲ့ရုပ်ကလေးပြောင်းသွားတယ် ။

မျက်စံညိုညိုလေးတွေကလဲအနည်းငယ်ပြူးကျယ်သွားပြီး ပြောလက်စစကားလဲတန့်သွားတယ်
ငါဆူခံရတော့မယ်ထင်တယ် မတက်နိုင်ဘူးလေ ငါလဲ ၀က်သားအချိုချက်ပါဆယ်ထုပ်လေးကိုကိုင်ပြီး သွေးထွက်နေတဲ့နောက်လက်တစ်ဖက်ကို ငါ့ကိုယ်နဲ့ကွယ်လိုက်သည်။
ဒါကအလုပ်မဖြစ်ဘူးဆိုတာငါသိတယ်
ဘာလို့လဲဆိုတော့
buiကငါ ဒဏ်ရာကိုမြင်ပြီးသွားပြီလေ
ဒါပေမယ့် အဆူခံရတာလျော့
လိုလျော့ငှား ငါလုပ်မိလုပ်ရာလုပ်လိုက်တာ

စိတ်ကောက်လို့မုန့်နဲ့ချော့ပါတယ်ဆို လမ်းမှာ
ဆိုင်ကယ် နံပါတ်ပြားနဲ့ခြစ်မိလို့ သွေးထွက်သံယိုဖြစ်လာသေးသည်။
မင်းကတော့ကွာလုပ်လိုက်ရင်အမြဲစောက်တလွဲပဲ
မလွဲတဲ့အခါရှိပါအုန်းမလားဆိုပြီးငါ့ကိုယ်ငါသာကျိန်ဆဲလိုက်တယ်

"  bui ဟဲဟဲ ရော့ ၀က်သားအချိုချက်
နည်းနည်းတော့ကြာသွားတယ်"

ငါမျက်မှာချိုဆက်သွေးနေလိုက်တယ်
Buiကတော့မျက်မှောင်ကိုကျုံပြီး နှုတ်ခမ်းကိုခပ်တင်းတင်းစေ့ထားတုန်း 

"ရန်ဖြစ်လာတာလား ငါရန်ဖြစ်တာတွေမကြိုက်ဘူးလို့ပြောထားလားမပြောထားဘူးလား  ဟမ်?"
ငါတကယ်ကိုကြောက်နေရပြီ ငါအတည်ကြီးကြောက်တယ်
ရန်ဖြစ်လာတာမဟုတ်ပေမယ့် အပြစ်လုပ်ထားမိသလိုကြီး

"မ..မဟုတ်ပါဘူးကွာ ငါ့bui ငါပြောတာယုံပါ
ဆိုင်ကယ်နံပါတ်ပြားနဲ့ခြစ်မိတာ အတည်"
buiကမယုံသလိုလေးမျက်ခုံးပင့်လာတယ်

"ဆိုင်ကယ်နံပါတ်ပြားက လက်ဖျံကို???"
ငါထင်တဲ့အတိုင်းပဲငါ့ကို ဒုစရိုက်ကောင်ကိုရဲကစစ်သလို စ စစ်ဆေးတော့တယ်

"ငါဆိုင်ကယ်တွေကြိုက်တာ မင်းလဲသိရဲ့သားနဲ့ခုကသူများဆိုင်ကယ်ကို သဘောကျလို့သွားကြည့်ရင်း ဖြစ်တာ ယုံပါ"
အမှန်တိုင်းပြောရရင်ငါလဲသိပ်မရှင်းပြတက်ဘူး။ bui ရှေ့ဆိုပိုဆိုးတယ် ငါ့ပါးစပ်ကဘာစကားတွေထွက်လာမှန်းကိုမသိတာ
သူကလက်ပိုက်ပြီးမင်းရှင်းစမ်းဆိုတဲ့မျက်နှာပေးနဲ့နားထောင်နေတဲ့အခါဆိုပိုကြောက်တယ်

ဗြူဂျကာပန်နဲ့ပတ်သတ်ပြီး ငါ့စိတ်တွေကအရမ်းထူးဆန်းနေတယ် (Completed)Where stories live. Discover now