ဟိုးအရင် ပခုံးချင်းတိုက်မိကြတဲ့သူတွေအစားအခြားသူတွေအစားထိုးကာဝင်ရောက်လာကြမယ်၊ ကျောင်းတော်ကြီးကတော့ ယခင်အတိုင်းရှိနေမြဲ၊ ဒါပေမဲ့
ကျောင်းဝန်းထဲမှရှိသူတွေကတော့
ပြောင်းလဲ သွားကြတယ်။

သံလိုလည်းမာကြောနိုင်သလို,
ရေလိုလည်း စီးဆင်းနိုင်ရမည်ပင်။

အရာရာတိုင်းက ဤသို့ပင်, ဟယ်ကျစ်ရှုရဲ့ နှလုံးသားလေး နွေဦးနှင့် ဆောင်းဦးရာသီ
တို့ကို အပြစ်မတင်လိုပေမဲ့အရာရာအားစွဲထင်မှတ်မိနေဆဲ။

ဒီလို ခံစားချက်မျိုးက နားမလည်နိုင်တဲ့အထီးကျန်မှု မျိုးနှင့်အတူ အထက်တန်း ကျောင်းသားဘဝမှာတောင် မခံစားခဲ့ရဘူး၊
အခုဆိုသူ တက္ကသိုလ်ကနေဘွဲ့ရခဲ့ပြီး လူ့ဘောင်အသိုင်းအဝိုင်းထဲသို့ ဝင်ရတော့မည်မို့ စိတ်လှုပ်ရှားမှုနှင့်အတူ ပျော်ရွှင်မှု တို့က သူ့ ခန္ဓာကိုယ်တွင်းမှအပြင်သို့ တိုးထွက်လာတယ်။တက္ကသိုလ်ကျောင်းသားဘဝရဲ့ သက်တောင့်သက်သာဖြစ်မှုကိုကျင့်သား
ရနေခဲ့ပြီးအခုတော့ တက္ကသိုလ်ကျောင်းသားဘဝမှနှုတ်ထွက်ရတော့မယ်၊အပေါ်ယံတွေ
နှင့်အတူဆေးရောင်စုံခြယ်သထားသည့် လူ့ဘောင် အဖွဲ့အစည်းကြီးထဲသို့ အပီအပြင် ပစ်ဝင်ရတော့မယ်။

မင်းရုန်းကန်ရတော့မယ်, မင်းနေရာစုံသွားလာရတော့မယ်, မင်းကဒီလောက
ကြီးထဲမှခွဲထွက်ချင်ပြီး အသိအမှတ်မပြုရင်တောင် မင်း ဒီလောကထဲမှာပဲရှင်သန်
ရဦးမယ်။

ဥပမာများစွာတို့က လူအဖွဲ့အစည်းရဲ့ ရက်စက်ကြမ်းကြုတ်မှုတို့အားပြဆိုနေပုံ
ရပေမဲ့ လူတစ်ဦးနဲ့ တစ်ဦးရဲ့ခံယူချက်တွေကတော့ ကွဲပြားကြတယ်။

အချို့သောလူတွေက အရာရာတိုင်းမှာအဆင်ပြေချောမွေ့ကြတယ်, တချိူ့မှာမူ
အရာရာကို အကောင်းမြင်နိုင်ပြီး ထမင်းတစ်နပ်နပ်မှန်ရုံဖြင့် ငြိမ်းချမ်းစွာနေနိုင်ကြတယ်၊
ထိုသို့ နေနိုင်ဖို့ကလည်း တကယ်ကျမလွယ်ကူနိုင်ဘူး၊ လူတွေက ရှေ့သို့သာ ခြေလှမ်း တွေ ဆက်လှမ်းနေကြရင်း တချက်လေး
နောက်ပြန်လှည့်ကြည့်ဖို့ကိုတော့ မေ့လျော့
နေတတ်ကြတယ်။

အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွက်ချစ်​​​မေတ္တာ(MM Translation)Complete✔✔✔Where stories live. Discover now