အပိုင်း-၂၆ (Zawgyi)

Start from the beginning
                                    

သူ့သဘောထားကို ကြိုမြင်နေတတ်တဲ့ ဦးသန့်ကို သူတကယ်အများကြီးချစ်သည်။သူ့မျက်နှာကို ကြည့်လိုက်ရုံနဲ့ ဘာဖြစ်နေမှန်းချက်ချင်းသိတဲ့ ဦးသန့်က သူ့ချစ်သူဆိုတာကို မယုံနိုင်သေးဘူး။

"VIPလာတယ်လို့ ပြောသံကြားတယ်နော်...ဘာလို့မသွားသေးတာလဲကွာ ကိုယ်ဘယ်မှ မသွားဘူး ဟုတ်ပြီလား ဒါပေမဲ့...."

သူ့ခေါင်းကို ဖွဖွလေးပွတ်ကာ ချော့မြူပြောနေတဲ့ ဦးသန့်ကြောင့် ကြောင်လေးတစ်ကောင်လို ဦးသန့်ရင်ခွင်ထဲသို့ ခပ်ဖွဖွလေး တိုးဝင်နေလိုက်သည်။

"ဒါပေမဲ့....ဆက်ပြောလေ ဦးသန့်"

"ကိုယ်meetingအတွက် နေရာလေး စီစဉ်ပေးဖို့ အဲ့တာ..."

"အာ....ဘာများလဲလို့ဗျာ... ကျွန့်တော့်ရုံးခန်းရှိတယ်လေ အေးရအေးကြောင်း သုံးလို့ရတာပဲကို"

"ဟုတ်ပြီ!!! ကိုစစ်က တကယ်ကို ကိုယ့်ရဲ့အရာရာကို ကူညီပေးနေတဲ့ နတ်သူငယ်လေးပါကွာ"

ခြံဝန်းထဲတွင် ပွေ့ဖက်နေတဲ့သူနှစ်ယောက်ကို ကြည့်ပြီး စွမ်းဆောင်ပြုံးနေမိသည်။ နောက်ဆုံးတော့ သူ့ဆရာအနား ကိုစစ်ရောက်လာတာ တကယ့်ဆုလာဘ်တစ်ခုပင်။ အမြဲတမ်း မျက်မှောင်ကြုံ့အေးစက်နေတတ်တဲ့သူတို့ဆရာသည် အခုဆို နေကြာပန်းလေးတစ်ပွင့်လို ပွင့်လန်းကာ လေယူရာယိမ်းလို့ ပျော်ရွှင်နေခဲ့ပြီ။

ဒါပေမဲ့...၁၅မိနစ်အတွင်းလို့ ပြောထားတဲ့ meetingကို နောက်ကျလို့မရတာကြောင့် တတိယဘီးလေး အဖြစ်ခံပြီး ကြားဝင်နှောက်ယှက်ခွင့်ပြုပါဗျာ....

"ဆရာ...meetingစဖို့ အချိန်ကျပါပြီ"

"အင်း!! ကိုစစ် ရုံးခန်းကို သွားကြတာပေါ့"

နာရီဝက်အတွင်း ပြင်ဆင်ချက်ပြုတ်ပြီးတာနဲ့ VIP အခန်းသို့ စစ်မင်းထက် ပြေးရတော့သည်။

"ပါးပါး...အယ်....ကိုကြီးလည်းရောက်နေတာပဲ"

အခန်းထဲ၌ ပြုံးစိစိနဲ့ ထိုင်နေသော အဖေနဲ့အကိုဖြစ်သူကြောင့် စစ်မင်းထက် အံ့သြနေရပြန်သည်။

ဟင်းပွဲတစ်ပွဲကို မြည်းလိုက် တစ်ခါမှတ်ချက်ပေးလိုက် ချီးကျူးလိုက်နဲ့ သူ့အဖေသည် တကယ်ကို ပျော်မွေ့နေတော့သည်။

You've reached the end of published parts.

⏰ Last updated: Sep 01, 2022 ⏰

Add this story to your Library to get notified about new parts!

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now