(၂၁၅) ပြစ်ဒဏ်ကို မျှဝေခံစား

Start from the beginning
                                    

မင်းသားရုန်က စားပွဲကို လက်နဲ့ ရိုက်ချလိုက်ပြီး အော်တော့တာပဲ။ "ကောင်းပြီ...! အားလုံးမှာ အပြစ်ရှိနေတာ ဒီမင်းသား တာဝန်လဲ မကင်းဘူး၊ ကျုပ်တို့အားလုံး ပြစ်ဒဏ်ကို မျှခံကြတာပေါ့"

"အရှင်မင်းသားကို ကျေးဇူးအထူးတင်ရှိပါတယ်"

သူတို့ အားလုံးကြားမှာ ကြိမ်ဒဏ် တစ်ရာကို ခွဲဝေမျှလိုက်တော့ တစ်ယောက်ကို ကြိမ်ဒဏ် ဆယ်ချက်တောင်မပြည့်တော့ဘူး။ အမျိုးသားတွေက ပိုင်ရှန်းရှို့ကို ကြိမ်ဒဏ်မခံစေလိုဘူး။ ဒါပေမဲ့ သူမလဲပဲ အားလုံးနည်းတူ ပြစ်ဒဏ်မျှခံသင့်တယ်လို့ ပိုင်ရှန်းရှို့က မဆုတ်မနစ် ပြောနေတာကြောင့် မတတ်သာတော့ဘဲ သဘောတူလိုက်ရလေတယ်။ သူမကို ကြိမ်ဒဏ် ၅ ချက်တော့ ပေးလိုက်ရတယ်။

'ဖျောက် ဖျောက် ​ဖျောက်' ကြိမ်ရိုက်သံတွေ တန်းလျားထဲ ညံစီပြီး ထွက်လာခဲ့တယ်။

ပိုင်ရှန်းရှို့ကို ဝါရင့် စစ်သည်တော်တွေက ကြိမ်ဒဏ်ပေးတာ၊ သူမကို တမင်တကာကို လျှော့ပေါ့ပြီး ရိုက်ပေးကြတယ်။ ဒါပေမဲ့ သူမ တင်ပါးပေါ် ကြိမ်လုံးကျလာတဲ့ အချိန်မှာ အတော်နာတာကတော့ နာတာပဲ။ ကြိမ်လုံးတစ်လုံးတစ်လုံးဆိုတာက စစ်တပ်မှာ လေ့ကျင့်ကြတဲ့ ဝါးရင်းတုတ်လိုဟာကိုး။ ပိုင်ရှန်းရှို့ အံကိုသာ ကြိတ်ပြီး တင်းခံနေခဲ့လိုက်တယ်။ သူမ အပြစ်ဒဏ်ကို လက်ခံနေတဲ့ အချိန်အတွင်းမှာ တစ်ချက်ကလေးတောင် မညည်းညူခဲ့ဘူး။ ပြစ်ဒဏ်ပေးတဲ့ စစ်သည်တွေလဲ အထင်ကြီး လေးစားမိတော့တာပေါ့။ ဒီလို ဝေဒနာပြင်းထန်နေတာတောင် ကြံ့ကြံ့ခံနိုင်တဲ့ အမျိုးသမီးမျိုး သူတို့ မတွေ့ဖူးဘူးလေ။

ဒါပေမဲ့ ပိုင်ရှန်းရှို့ ခုံတန်းပေါ် ကြိုးနဲ့ တုပ်ချည်ထားခံခဲ့ရတာမို့ အတော်လေး စိတ်ဓာတ်ကျနေမိတယ်။ သူမ ခြေထောက်တွေ တောင့်ကုန်ပြီလေ။ လှုပ်တောင် မလှုပ်နိုင်တော့ဘူး။

သူမ ထလို့ရမဲ့ နည်းလမ်းကို ဦးနှောက်ခြောက်ခံစဉ်းစားနေတုန်းမှာပဲ လုံဟန့်က သူမအနားကို လျှောက်လာနေပြီ။ လုံဟန့်က ကြိမ်ဒဏ် ဆယ်ချက်တောင် ကျခံထားရတာဆိုပေမဲ့ ဘာမှ မဖြစ်ထားတဲ့ အတိုင်းပဲ။ သူ ပိုင်ရှန်းရှို့ကို အသာပွေ့ချီလိုက်ပြီး ပြစ်ဒဏ်စီရင်တဲ့ အခန်းထဲကနေ ခေါ်ထုတ်သွားလိုက်တော့တယ်။ သူ သွားဖို့ ခြေပြင်လိုက်တဲ့ အချိန်မှာပဲ လင်ချန်းဇီကို တွေ့လိုက်မိလေတယ်။ သူ့နှုတ်ခမ်းဆီကလဲ မသတီစွာ ရယ်သံတစ်သံ ထွက်သွားလေရဲ့။ "လင်ချန်းဇီ၊ လုစစ်သူကြီးက ကျုပ်ကို ပြောလိုက်တာ... သူ့တပ်ထဲက ရဲမက်တွေ ခင်ဗျားနဲ့ ကောင်းကောင်း ပျော်ပါးခဲ့ရပါသတဲ့၊ ခင်ဗျား သူ့စစ်တန်းလျားမှာပဲ နေချင်တာဆိုရင် ပြန်ပို့ပေးလို့ရတယ်"

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Where stories live. Discover now