(၂၀၀) ပျောက်ကြားစစ်ဆင်ရေး၊ ရန်သူစခန်းအတွင်းပိုင်း

Comincia dall'inizio
                                    

စုန့်ကျောင်းယွဲ့ကစပြောတယ်။
"ငါတို့ရှေ့ကိုဆက်သွားလို့မရတော့ဘူး။ သူတို့အဆိပ်ငွေ့တွေလွှတ်ထားတယ်။

"စိတ်မပူပါနဲ့။ ငါ့မှာအဆိပ်ဖြေဆေးပါတယ်။ သာမန်လူသိတဲ့အဆိပ်လောက်ကိုတော့ ခံနိုင်တယ်"
ယွီခွမ်းက ဘူးလေးထဲကနေ ဆေးသုံးလုံးကိုထုတ်လိုက်တယ်။ စုန့်ကျောင်းယွဲ့ကိုတော့ အပြင်မှာအစောငိ့ထားခဲ့ပြီး ယွီခွမ်းကတော့ ပိုင်ရှန်းရှို့ကိုခေါ်ပြီးအထဲကို၀င်သွားမယ်ပေါ့။ အကယ်၍ ရန်သူလာရင် အချက်ပြရအောင် စုန့်ကျောင်းယွဲ့ကိုအပြင်မှာထားခဲ့တာ။ အဲ့ဒါမှ အထဲကနှစ်ယောက်က လွတ်အောင်လုပ်ဖို့အချိန်ပိုရမယ်လေ။ ပုံမှန်စစ်သားလောက်ကတော့ စုန့်ကျောင်းယွဲ့ကတောက်ချရုံပဲ။  ဒါပေမယ့် ရန်သူရဲ့ခြေလှမ်းကခန့်မှန်းလို့တော့မရဘူး။သူတို့က အဓိကစခန်းတွေထက် မြင်းဇောင်းတွေမှာ အစောင့်တွေသေချာချထားတာ။

မြင်းဇောင်းကအစောင့်တွေဆိုတာ နည်းတာမဟုတ်ဘူး။ တွက်ကြည့်ဖို့လည်းခက်တော့ အစောင့်နှစ်ယောက်လောက်ကိုအကြောပိတ်ထားခဲ့ပြီး စုန့်ကျောင်းယွဲ့ခိုး၀င်လာခဲ့တယ်။ အနောက်ကနှစ်ယောက်ကိုပြီးမှ လမ်းကြောင်းရှင်းကြောင်းအချက်ပြပြီး ၀င်ခိုင်းတယ်။ သူတို့ သံချပ်ကာ၀တ်စုံတွေနဲ့ လက်နက်တွေကိုအနီးကပ်မြင်ရရင် ဖြေရှင်းဖို့အကြံထွက်နိုင်တာကိုး။

ပိုင်ရှန်းရှို့နဲ့ယွီခွမ်းအထဲကို၀င်သွားတော့ မြင်းတွေကို သံချပ်ကာအပြည့်အစုံ၀တ်ပေးထားတာကို သတိထားမိတယ်။ အကုန်လုံးက သံမဏိနဲ့လုပ်ထားတာဖြစ်ပြီး အတော်လေးမယ့်ပုံပဲ။ ပြီးတော့ သံချပ်ကာတစ်ခုစီရဲ့ကြားမှာ တွဲလောင်းကျနေတဲ့ သံဆူးချွန်ကြိုးကြီးတွေက ပါသေးတယ်။ ဒီဗျူဟာက အရမ်းကို အား​ကောင်းပြီးဖျက်မရတာ မဆန်းတော့ဘူး။

မြင်းတွေကိုသေချာသံချပ်ကာ၀တ်ပေးထားပြီး အစီတစဥ္တကျသေချာစီပေးထားတာ။ သူတို့ဆီကို၀င်တိုးလာတဲ့သူမှန်သမျှ မရှုမလှနဲ့သေပွဲ၀င်ရမှာပဲ။ အတော်လေးကိုဆိုးရွားလွန်းတဲ့ ဗျူဟာကြီး။ ပိုင်ရှန်းရှို့မျက်မှောင်ကျုံ့ရင်းအတော်စဥ္းစားနေရတယ်။ ဒီပုံစံက သူမသိတ​ဲ့မြင်းတွဲဗျူဟာနဲ့အတော်တူတယ်။ အထူးသဖြင့် မြင်းရဲ့ခြေထောက်ညို့သကျည်းနားကို သံချပ်ကာ၀တ်ထားမပေးဘူး။ အာခိလိစ်ရဲ့ခြေဖနောင့်လိုပဲ။
(အာခိလိစ်ခြေဖနောင့်ဆိုတာ အရာအားလုံးကိုပျက်သုန်းသွားစေနိုင်တဲ့ အားနည်းချက်/ပြစ်ချက်ကိုပြောတာပါ။ mythမှာ အာခိလိက အရမ်းခွန်အားကြီးပြီး သံချပ်ကာအပြည့်၀တ်ထားလို့ ဘယ်သူမှ မနှိမ်နင်းနိုင်ပေမယ့် သူ့ရဲ့​သံချပ်ကာနဲ့လွတ်နေတဲ့ ခြေဖနောင့်ကိုမြှားမှန်ပြီးသေသွားတာပါ။ အဲ့ကနေဖြစ်လာတဲ့ စကားပါ)
အဲ့အကြောင်းကိုလည်းတွေးမိရော ပိုင်ရှန်းရှို့တစ်ယောက် ပြုံးလိုက်မိတယ်။ ဒီဗျူဟာကိုလုံဟန့်ဖျက်နိုင်အောင် သေချာပေါက်ကူညီမယ်။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Dove le storie prendono vita. Scoprilo ora