13. အရှင်သခင် ဝမ်

995 112 9
                                    

Unicode ver....

13. အရှင်သခင် ဝမ်

ဝမ်ကလေးရဲ့ ရင်ခွင်ထဲဝယ် တန်ခိုးရှင်ကြီးက နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်နေလေရဲ့။ စတင်အိပ်ပျော်လိုက်တာ ညနေခင်းဆိုပေမဲ့ ခုချိန်မှာတော့ မိုးလင်းဖို့ ရောင်နီဖျော့ဖျော့လေး ထွက်လာနေပြီဖြစ်သည်။

အိပ်ငွေ့ချ ခံထားရတာကြောင့် တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ တန်ခိုးရှင်က ခုထိလည်း မြတ်နိုးရသူရဲ့ ရင်ခွင်ထဲ အိပ်မောကျနေဆဲ ဖြစ်သည်။

ဝမ်ကလေးကတော့ ရင်ခွင်ထဲက လူသားရဲ့ မျက်နှာချောချောကို အသာတို့ထိပြီး  အပြုံးနုနုကလေး ပြုံးနေလေသည်။

"အဟိ"

စိတ်ကြိုက်ထိတွေ့နေရင်းကနေ နှုတ်ခမ်းအောက်က မှဲ့နက်လေးကို အသာပွတ်သပ်ရင်း သဘောတကျ ရယ်သံတိုးတိုးလေး ထွက်လေတော့ ရင်ခွင်ထဲက လူသားရဲ့ မျက်ခွံမို့မို့ကလေး လှုပ်ရှားလာလေသည်။

"အင်း"

ကောင်းကောင်း အိပ်လိုက်ရတာကြောင့်  အိပ်ရေးဝနေတဲ့ ရှောင်းက မျက်လုံးဖွင့်ကြည့်လာတော့ ရွှေရောင် နေမှုန်တွေကြား သူ့ကို ပြုံးပြနေတဲ့ လူသားငယ္လေးကို ပထမ ဦးစွာ တွေ့လိုက်ရလေသည်။

မျက်လုံးဖွင့်ဖွင့်ချင်း ကြုံလိုက်ရတဲ့ အခြေအနေကို ရှောင်းက  အိမ်မက်အထင်နဲ့ ပြုံးယောင်ယောင်နဲ့ ခေါင်းတွေအသာခါနေသေးသည္။

"သခင်က စိုးမိုးနိုင်လိုက်တာ"

အိမ်မက်မက်နေတယ်အထင်နဲ့ ရှောင်းက သူ့ကို ဖက်ထားတဲ့ လူသားလေးရဲ့ ခါးကို ပိုပိုသာသာ ဖက်သွယ်ရင်း သူ့ရဲ့ မျက်နှာချောချောကိုလည်း ဝမ့်ရ​ဲ့ ရင်ခွင်ငယ်ထဲ ပိုမို တိုးဝင်လိုက်လေသည္။

အိမ်မက်တော့ရော ဘာအရေးလဲ။ ဒီအိမ်မက်က သိပ်ကို ယစ်မူးဖို့ကောင်းတယ်။

အိုး~~~သခင့်ကိုယ္သင်းနံ့က မွေးနေရော။ ပန်းပွင့်လေးတေ​ွတော့ ငိုကုန်တော့မှာပဲ။

"ဟား ဟား ရှောင်းရာ~~~"

အိမ်မက်ယောင်လိုလိုနဲ့ သူ့ရင်ခွင်ထဲ ပြန်လည် တိုးဝင်ပြီး သူ့ရင်ဘတ်ကို တရှုံ့ရှုံ့ နမ်းနေတဲ့ ရှောင်းကြောင့် ဝမ့်မှာ ခေါင်းလေးတခါခါနဲ့ အသံထွက် ရယ်မောမိသွားလေသည်။

Let me Cherish you, My Lord  (ZSWW) [complete]Where stories live. Discover now