"ဟမ်...အဲ့လို...."

လင်းစက် တစ်ဖက်လှည့်လို့မောင့်ကိုစနေမိတုန်းမောင်ပြောလိုက်တဲ့စကားကြောင့်မောင့်ဘက်ကိုပြန်လှည့်လိုက်တော့သူ့အပေါ်အုပ်မိုးနေတဲ့မောင့်ရဲ့နှုတ်ခမ်းနဲ့ထိကပ်သွားရတော့သည်....

"အခုရောသေချာကြားရပြီလား...."

"အင်း...ကြားရပြီ..."

"အဲ့တာဆိုရင်...အဖြေက....."

လင်းစက် မောင့်ရင်ခွင်ထဲကရုန်းထွက်ကာထထိုင်လိုက်ပြီး.....

"တကယ်လို့ ကိုကိုကအိုခေလို့ပြောရင်မောင်ကအခုကနေစပြီးကိုကို့ ကိုတစ်သက်လုံးချစ်ပေးသွားမှာလား....."

"အင်းးးးး အများဆုံးနှစ်ရက်ပေါ့...."

လင်းစက် မောင့်ရဲ့အပြောကြောင့်စိတ်ဆိုးသလိုနှုတ်ခမ်းဆူမိသည်....

"အဲ့တာကဘာကိုပြောချင်တာလဲ...."

မျိုးခေတ်သူစလိုက်တာကိုနှုတ်ခမ်းဆူနေတဲ့ကိုကို့ကြောင့်တစ်ချက်ရယ်လိုက်ပြီး....

"မောင်ပြောတဲ့နှစ်ရက်ဆိုတာ ပထမဆုံးနေ့နဲ့နောက်ဆုံးနေ့ထိ ကိုကို့တစ်ယောက်ထဲကိုဘဲအမြဲချစ်သွားမှာ...."

လင်းစက် မောင့်ရဲ့အပြောကြောင့်အသည်းယားစွာလက်ထဲမှစောင်ကိုကိုက်မိသည်...မောင်ကလေသူ့ကိုအသည်းယားအောင်သိပ်လုပ်တာဘဲ....

"ဟော...အခုပြုံးနေရမှာလေ...စောင်ကိုသိပ်မကိုက်နဲ့ပြဲသွားဦးမယ်...."

"မောင်နော်....မပြဲပါဘူး...."

"ကဲပါထားတော့...အခုအဖြေပေးတော့...အခုမှမပေးရင်မောင်စိတ်ပျက်တော့မှာ...."

"ခဏနေပါဦးမောင်ရဲ့ငါတစ်ခုစဥ်းစားမိတယ်..တကယ်လို့ငါ့ကိုလေတစ်ယောက်ယောက်က
"မင်းကို မျိုး‌ခေတ်မာန်ဦး လက်ထပ်ခွင့်တောင်းတုန်းကဘယ်လိုတောင်းခဲ့တာလဲ"ဆိုပြီးမေးလာခဲ့ရင်ရော...
အဲ့တာကြောင့်ပြန်ပြောလို့ရအောင်ပြောပေးပါဦးစကားလေးတစ်ခွန်းလောက်ဖြစ်ဖြစ်ရိုရိုလေးလေ...."

"အင်းးးးးးး
​မောင်တို့နှစ်ယောက်သေဆုံးသည်ထိအတူမခွဲဘဲနေသွားကြရအောင်နော်....."

UNSTOPPABLE LOVE {Ongoing}Where stories live. Discover now