💢 Part - 10 💢

Bắt đầu từ đầu
                                    

ရိပေါ်လည်း ချစ်သူရဲ့ပြောင်းလဲမှုကိုသတိထားမိတာမို့ ခါးလေးကိုခပ်တင်းတင်းပြန်ဖက်ကာ ကောင်လေးရဲ့ စိုးရိမ်စိတ်တွေကိုလျှော့ချပေးဖို့ ကြိုးစားမိသည်...။

" ကလေးလေး...။ပါးကို ရဲရဲပြောပြလိုက်နော် ...။ကိုယ် ရှိတယ်မကြောက်နဲ့...။ "

" သားက ဟင့်...သားကလေ ...ကို...။တကယ်တမ်းကျတော့..ဟင့်...ကို နဲ့ဘယ်နေရာမှမတန်ပါဘူး...။အဟင့်...သားဘဝကနှိမ့်ကျပါတယ်...။ကို ဆိုတာကနိုင်ငံတကာက လူတွေအများကြီးဝန်းရံထားတဲ့ မင်းသားတစ်ယောက်...။ဟင့်...သားက မတန်မရာကိုမှန်းနေမိတာ...အီးးးဟီးးးး...."

" မပြောနဲ့...။ကလေး​က ကိုယ့်ရဲ့ဘဝ၊ကိုယ့်ရဲ့မရှိမဖြစ်လေးပါကွာ...။ကိုယ့်ဘာသာ ဘာကြီးပဲဖြစ်နေပါစေအုံး...။ကလေးကို ကိုယ်ချစ်တယ်နော်....။အဲ့လိုအားငယ်စိတ်တွေမွေးနေတာ ကိုယ်မကြိုက်ဖူး....။ကလေး မှတ်ထား..။ကိုယ်ကလေးကိုပဲချစ်တာမို့ ကလေးကိုပဲလက်ထပ်မယ်ဆိုတာကို..။မငိုနဲ့တော့နော် ကလေးလေး..။ကိုယ် သိပ်ချစ်တာ ယုံနော်...။ "

" ဟင့်...ကို ကသားအပေါ် အရမ်းကောင်းပါတယ်...။ကျေးဇူးတင်ပါတယ် ကို...။ "

" မငိုပါနဲ့ ကလေးငယ်ရယ်...။ကိုယ်ကကွာ...တကယ်တော့ မင်းလေးမျက်ရည်ကျတာကို မကြည့်ရက်ဖူး...။မငိုပါနဲ့ ကိုယ်တောင်းပန်ပါတယ်..။ "

ချစ်သူ့မျက်ရည်အား မကြည့်ရက်နိုင်သော သားဖြစ်သူကို မိဘများအတော်လေးကို သြချနေရပါသည်...။

အောင်မြင်မှုထိပ်ဆုံးရောက်နေတဲ့၊တစ်ကမ္ဘာလုံးက ပရိတ်သတ်များစွာကို ပိုင်ဆိုင်ထားပါတယ်ဆိုတဲ့ သူတို့ရဲ့သားလေးဟာ လက်တွဲဖို့ချစ်သူကိုရွေးချယ်တဲ့အခါ သူ့ရဲ့ဘေးနားက Make - Up Artis လေးတစ်ယောက်ဖြစ်နေခဲ့တယ်...။


အချစ်ဆိုတာက ဆန်းကျယ်သားနော်...။ရွေးချယ်စရာတွေအများကြီးထဲမှာမှ ဒီကောင်လေးကိုမှသား ငါ့သားရယ်...။ပါးတော့ မင်းအချစ်ကိုတကယ်သြချပါရဲ့..။

။

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.
💢🔞 ကို 🔞💢 COMPLETEDNơi câu chuyện tồn tại. Hãy khám phá bây giờ