Final Part (Zawgyi)

Beginne am Anfang
                                    

"မေမေမှတ်မိပါပြီကွယ်... မေမေ့ကို တစ်ခေါက်ကူညီဖူးတဲ့ သားလေးမလား..."

"ဟုတ်ပါတယ် မေမေ... မေမေ့သဘောထားက??"

"မေမေ့သဘောထားထက် သားတို့နှစ်ယောက် သဘောထားက အရေးကြီးပါတယ်ကွယ်..."

"သားသဘောက မေမေ့သဘောပါပဲ..."

"မေမေ့သဘောသာပြောတယ်... သဘောတူပေးပါပြောတာ ဘယ်သူလဲ..."

"အာ မေမေကလည်း..."

"မေမေကလည်း လုပ်မနေပါနဲ့... မေမေ့သဘောက သားကို စိတ်ချမ်းသာအောင် ထားနိုင်ရင် ရပြီ..."

"အဲ့ဒါတော့ ကျွန်တော့်အာမခံပါတယ် မေမေ... ကျွန်တော် မေမေ့သားကို ကျွန်တော့်ထက်ပိုပြီးချစ်ပေးပါ့မယ်။ စိတ်ဆင်းရဲစရာကိစ္စများ တစိုးတစိမှ မရစေရဘူးဆိုတာ ကျွန်တော် ကတိပေးရဲပါတယ်..."

"အေးပါကွယ်..."

"မေမေ သားတို့နဲ့ အတူ လိုက်နေမယ်မလားဟင်..."

"သားရယ် မေမေ အထဲထဲမှာက စဉ်းစားထားပြီးသားပါ..."

"ဘာစဉ်းစားထားတာလဲ မေမေ..."

"မေမေ ဒီထဲက လွတ်တာနဲ့ စစ်ကိုင်းတောင်မှာ ရာသက်ပန် သီလရှင်ဝတ်မယ်လို့ပေါ့..."

"ဗျာ!! အဲ့ဒါဆို မေမေက သားတို့နဲ့ အတူလိုက်မနေတော့ဘူးလား..."

"သားရယ်... မေမေ အမှားတွေအများကြီးလုပ်ခဲ့ပြီးပြီပဲ။ နောက်ထပ် ထပ်မမှားချင်တော့ဘူး။ ဒါကြောင့် မေမေ အေးချမ်းတဲ့နေရာလေးမှာပဲ တရားအားထုတ်ချင်တော့တယ်..."

"ဟုတ်ကဲ့ပါ မေမေရယ်... မေမေ့ဆန္ဒအတိုင်း ဖြစ်စေရပါမယ်... "

"သာဓုပါသားရယ် သာဓု သာဓု သာဓု..."

မေမေနဲ့ အတူနေချင်နေသော်လည်း မေမေ့ဆန္ဒအတိုင်း လိုက်ရောခဲ့ရတယ်။

မေမေ့အတွက်လည်း ငြိမ်းချမ်းစေချင်တာလည်း ပါတာကြောင့် မေမေ့သဘောအတိုင်း စစ်ကိုင်းကို လိုက်ပို့ဖြစ်ခဲ့ တယ်။ ချက်ချင်း သီလရှင်ဝတ်ဖို့ ခွင့်မပြုသေးသည်မို့ လူဝတ်ယောဂီအနေနဲ့ နေရအုံးမည်တဲ့။ မေမေကတော့ သူ့ကို စိတ်မပူဖို့ တဖွဖွမှာရင်း ပြန်လွှတ်လေတော့တယ်။

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Wo Geschichten leben. Entdecke jetzt