Part 8 (Uni)

3.6K 288 12
                                    

ဒီကနေ့ စာမေးပွဲစဖြေခဲ့ရတယ်။ အကိုနဲ့တော့ မတွေ့ဖြစ်ဘူး။ မနက်ခင်းက ကျွန်တော်တို့ဖြေရပြီး ညနေခင်းမှ အကိုတို့ဆယ်တန်းတွေ ဖြေရတာမို့လေ။

အခုက အစမ်းစာမေးပွဲမို့ သိပ်ပြီးတော့တော့ အရေးမကြီးပါဘူး။ ဒါပေမယ့်လည်း ကျွန်တော် စာပိုကြိုးစားရမယ်လေ။ အကိုက ကျောင်းမှာ အျမဲ အဆင့်၁ရတဲ့သူ သူနဲ့တွဲရမှာဆိုတော့ အနည်းဆုံး အဆင့်၁ကနေ ၅အတွင်းတော့ ၀င်အောင်လုပ်ရမှာပေါ့။

"ညီ..."

"ဗ်ာ... "

"ဖြေနိုင်လား..."

"ဟုတ် ဖြေနိုင်ပါတယ်..."

"အိမ္ကို ကောင်းကောင်းပြန်နော်... လမ်းမှာ ဟို၀င်ဒီ၀င်မလုပ်နဲ့ဦး..."

"ဟုတ်ကဲ့ပါ... အကိုလည်း ကောင်းကောင်းဖြေခဲ့နော်..."

"အင်းပါ... အဲ့ဒါဆို အကို၀င်တော့မယ်..."

"ဟုတ်..."

အကိုနဲ့ မတွေ့ရဘူးဆိုတာ လုံး၀မတွေ့ရတာတော့မဟုတ်။ ကျွန်တော်ဖြေပြီးပြန်ထွက်လာရင် အကိုတို့က အထဲ ၀င်ဖို့စောင့်နေချိန်လေးတော့ တွေ့ရတယ်။

တွေ့တိုင်း ဖြေနိုင်လား။ အိမ္ကို ကောင်းကောင်းပြန်ဖို့ပဲ မှာတယ်။ ကျန်တာတော့ မပြော။ အဖြေကိစ္စရော မမှတ်မိ ဘူးလားမသိ။

ဒါမှမဟုတ် စိတ်ထဲကို မရွိတာလားပဲ။ အပျော်သဘောနဲ့ ပြောခဲ့တာများလား။ မသိတော့ဘူးကွာ။ စိတ်တွေရှုပ်လာ ပြီ။

စာမေးပွဲ ဖြေပြီးတာနဲ့ ကျွန်တော်လည်း အိမ်ပဲ စာပြန်ကျက်တော့တယ်။ ကျူရှင်မ၀င်တော့ဘူးလေ။ မမက နားခိုင်း ထားတယ် စာမေးပွဲချိန်ဆို ကိုယ့်အိမ်မှာပဲ စာပြန်ကျက်ခိုင်းတာ။

ကိုယ့်တပည့်တွေကို ယုံကြည်တာ ဆိုပါတော့။

အကုန်တော့ဖြေနိုင်ခဲ့ပါတယ်။

ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့ Bioဖြေတဲ့နေ့ဆိုပါတော့။

တိတိကျကျပြောရရင် အကို့ကို အဖြေပေးမယ့်နေ့။

တချို့တွေက ပြောကြတယ်။ ဘိုင်အို ထိုင်ငိုတဲ့။

ကျွန်တော်ကတော့ မငိုရပါဘူး။ အေးဆေးပဲ။

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now