အပိုင်း (၉) ရုတ်တရက် ဧည့်သည်

Start from the beginning
                                    

ဘိုင်ချန်း သည် မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်သည်။ လောင်ဝေတန်သည် အခုထိ တည့်တိုး ပြောတတ်သည့် လူအမျိုးအစားပင်။ ထိုအခါ ရုံးခန်းထဲရှိ ဆိုဖာတစ်ခုပေါ်တွင် သက်တောင့်သက်သာ ထိုင်လိုက်ပြီးပြောလိုက်သည်။

"ငါ့ရဲ့အချိန်ဇယားက အရမ်းမရှုပ်ဘူးဆိုရင်တော့ဒီထက် မြန်မြန်လာခဲ့နိုင်မှာ" လို့ ဘိုင်ချန်းက ဆိုလာခဲ့သည်။ သူ့ရဲ့ဒုတိယတူလေး မေ့မြောသွားပြီးနောက် နိုးလာတဲ့သတင်းကို သူရလိုက်တဲ့အခါ ချက်ချင်းသွားရောက်လည်ပတ်ချင်ခဲ့ပေမယ့်သူက အရေးကြီးတဲ့ကိစ္စတစ်ခုကိုလက်စသတ်နေလို့ B City က ထွက်သွားချင်ရင်တောင်မှလာမရခဲ့ပေ။

" ရှောင်ယန်နေကောင်းလား။ မေ့မြောခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလား။"

"ကံကောင်းတာက တစ်ခုမှ မရှိဘူး။ သူ့ဦးနှောက်က ကောင်းကောင်းအလုပ်လုပ်တယ်၊ သူ့အင်္ဂါတွေက လည်း ကောင်းကောင်းအလုပ်လုပ်တယ်။ မှန်ကန်တဲ့ ကာယကုထုံးကို ခံယူထားသရွေ့ လမ်းပြန် လျှောက်တာတောင် ပြဿနာမရှိဘူး။ အခုလောလောဆယ် သတိမေ့နေရောဂါကိုခံစားနေရ‌ရုံပဲ။ ဆရာဝန်က ပြောပါတယ်....အဲဒါကို သူခံစားခဲ့ရတာနဲ့ဆိုအခုအခြေအနေက အံ့ဩစရာကြီး ဖြစ်နေပါပြီ။" လောင်ဝေတန် သည် အလဟဿ မဖြုန်းတီးမဲ့ အံ့ဖွယ်အမှုတစ်ခုဖြစ်သည်ဟု လက်ခံထားသည်။

ဘိုင်ချန်း ဒါကိုကြားတော့ အနည်းငယ် အံ့သြသွားခဲ့သည်။ ဒါပေမယ့် ဟုတ်မှန်နေသည်လေ... ဆရာဝန်ပြောတာ မှန်တယ်။ သတိမေ့ခြင်းသည် ထာဝရ လေဖြတ်ခြင်းထက် ပိုကောင်းသည်မှာ သေချာပါသည်။ အနည်းဆုံး ဤနည်းဖြင့် သူသည် သာမန်ဘဝမျိုး ရှိနေနိုင်သည်ပင်။

"ယောက္ခထီး နေကောင်းရဲ့လား" လောင်ဝေတန်က မေးလိုက်သည်။

ခဏတာမျှသာဖြစ်သော်လည်း ထိုမေးခွန်းကိုကြားသောအခါ ဘိုင်ချန်း ၏မျက်လုံးထဲတွင် ဝမ်းနည်းမှု ပေါ်လာသည်။ "အတူတူပဲ၊ သူ့စိတ်တွေ ကြည်လင်နေမယ့်ရက်တွေ ရှိတယ်၊ ဒါပေမယ့် အဲဒါတွေက ဝေးကွာလွန်းခဲ့ပါပြီ။"

ဘိုင် မိသားစု၏ ဘိုးဘေး သည် ယခုအခါတွင် နှစ်ပေါင်းများစွာ စိတ်ကျရောဂါ ခံစားနေရသည်။ သူ့မိန်းမ ဆုံးရှုံးပြီးနောက် သမီးလေး ဆုံးရှုံးရတာကလည်း အ‌ကြောင်းအရင်းတခု ဖြစ်‌ပေသည်။ သန်မာသောလူအိုကြီးသည် ခြောက်သွေ့သောအပင်ကဲ့သို့ ညှိုးနွမ်းနေ၏။ ဘိုင်ချန်း ဟာ ဘိုင်အဖွဲ့စည်းရဲ့ ဥက္ကဌအဖြစ် သူ့ကိုယ်သူ မသတ်မှတ်ရသေးဘူးဆိုရင် လူတော်တော်များများက အခြေအနေကို အခွင့်ကောင်းယူကြမှာ သေချာသလောက်ပင်။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now