အပိုင်း (၆) ပထမဆုံးမိသားစုအပြန်အလှန်ဆက်ဆံမှု

Mulai dari awal
                                    

လောင်ဂျင်က သရော်သလိုလုပ်ပြလိုက်သည်။

"ငါ... ငါ-- ဘာမှ မမှတ်မိဘူး" လောင်ယန် က ဖြည်းညှင်းစွာပဲပြောလိုက်သည်။

"ဘာကိုဆိုလိုတာလဲ မင်းမမှတ်မိဘူးဆိုတာ" လောင်ဂျင် က ညဉ်းတွားပြီးပြောလိုက်သည်။

လောင်ဂျင် ၊ ရပ်လိုက်။" လောင်ရမ် သည် လောင်ယန် ၏ကုတင်ဘေးတွင်ထိုင်နေသည်။ "မင်း ငါတို့ကို မမှတ်မိဘူးလား" လို့ သူ့မျက်လုံးထဲမှာ ဝမ်းနည်းတဲ့အရိပ်အယောင်နဲ့ မေးလာခဲ့သည်။

ထိုအခါ လောင်ယန် ခေါင်းခါပြလိုက်သည်။

သို့သော် လောင်ဂျင်က ကျိန်ဆဲပြီး ထိုနေရာမှ ထွက်သွားသည် ။

----------

ဒေါက်တာဟန်၏ရုံးခန်းတွင်...

"ဒုတိယသခင် လောင်ဟာ လက်ရှိမှာ သတိမေ့ရောဂါရှိနေတယ်။ အမြဲတမ်း ဒါမှမဟုတ် ယာယီသာ ဖြစ်နိုင်ပါတယ်.... အချိန်ကသာ ပြောပြနိုင်ပါတယ်။ ဒါပေမယ့် သတင်းကောင်းကတော့ သူ့ရဲ့ ဦးနှောက်လုပ်ဆောင်ချက်က ပုံမှန်ပါပဲ။ ခုနစ်နှစ်လောက် သတိမေ့မြောနေတာကြောင့် ပုံမှန်ဦးနှောက်လှုပ်ရှားမှုရှိနေတာပါပဲအံ့ဖွယ်ကောင်းနေပြီ၊။ သတိမေ့ခြင်းသည် စကားမပြောနိုင်တာ သို့မဟုတ် အာရုံကြောပြဿ နာရှိခြင်းထက် ပိုကောင်းသည်။ သို့မဟုတ် ပိုဆိုးသည်မှာ လေဖြတ်ခြင်း ဖြစ်နိုင်သည်" ဟု ဒေါက်တာဟန်က ဆိုလာခဲ့သည်။

ရှောင်ယန် သတိမေ့ရောဂါရှိကြောင်း လောင်ဝေတန်ကြားသောအခါတွင် သူ့အတွင်းပိုင်းကို ထိုးလိုက်သလို ခံစားရသည်။ စောစောက သူတို့ကို ကြည့်ပြီး သူတို့ထဲက တစ်ယောက်ယောက်ကို မမှတ်မိသလို အံ့သြစရာ မရှိပါဘူး။ ဒါပေမယ့် ဒေါက်တာဟန်ပြောတာ မှန်ပါတယ်။ သတိမေ့ခြင်းထက် ပိုဆိုးတဲ့အရာတွေ ရှိလေသည်။

"သခင်လေး လောင်ဟာ ရုပ်ပိုင်းဆိုင်ရာ ကုထုံးကို ခံယူဖို့ လိုအပ်တယ်။ သူလည်း ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ စနစ်တကျ အစားစားဖို့ လိုအပ်တယ်။ ဒါ့အပြင် သူ့ရဲ့ ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေ အားလုံး ပုံမှန်အတိုင်း အလုပ်လုပ်ပုံပေါ်ပါတယ်။ လွန်ခဲ့တဲ့ ခုနစ် နှစ်အတွင်းမှာ သူ ကောင်းကောင်း ဂရုစိုက်ခံရတယ်ဆိုတဲ့ လက္ခဏာပါပဲ။ " ဟု ဆရာဝန်က ဆက်ပြောလာသည်။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူTempat cerita menjadi hidup. Temukan sekarang