"ဟုတ်...ဟုတ်တာပေါ့၊ဒါနဲ့ အကိုမိုင်ရဲ့ဇနီးက
သိပ်ကိုလှမှာပဲနော်"

လမင်းမဟာက သိပ်တော်တဲ့မိန်းကလေးတစ်
ယောက်ပါ။သိပ်ပြီးလည်း တည်ငြိမ်အေး
ဆေးတဲ့မူဟန်နဲ့ ထက်မြက်တဲ့အိနြေရှိတဲ့အမျိုးသမီးငယ်လေး။

အမှန်ဆိုပါလျှင် လမင်းမဟာက သိမ့်မွေ့ပြီးကျက်သရေရှိရှိလှလေတဲ့မိန်းကလေးမျိုး၊ရင့်ကျပ်တဲ့နေထိုင်ပုံလေးနဲ့ ရွှန်းလဲ့တဲ့မျက်ဝန်း
တွေနဲ့မျက်တောင်ကော့ကြီးတွေကိုပိုင်ဆိုင်ထားလေတဲ့ သူလေးတစ်ယောက်။

အခုလည်း မျှော်လင့်ထားသည့်အဖြေကမဟုတ်ပြန်လေတော့ ချက်ချင်းကိုတခြားတဖက်သို့ ကောက်ကာငင်ကာမြူးတူးရွှင်ပြ
နေပြန်ဟန်ဖြင့် သိက္ခာကိုထိန်းလိုက်၏။

"လှရုံတင်မကဘူး၊ ကျွန်တော်မျက်စီထဲချစ်ဖို့ကောင်းလွန်းလို့ ခက်နေတာ"

သြော်....သိပ်ကိုအပြောင်းအလဲမြန်လွန်းလှနိင်သည်က ထိုစကားလေးကိုညွှန်းဆိုလိုက်သည့်ရဲ့နောက်တော်ပါးမှာ နူးညံ့ခြင်း၊ကြည်နူးလွမ်းဆွတ်မူတွေနဲ့ ချစ်ခြင်းတရားကကပ်ပါ
သွားတာများ တည်စေရာမိုင်ရဲ့မျက်ဝန်းနက်
တွေမှာ နူးညံ့ပျော့ပျောင်းမူတွေတွဲခိုကာ နှုတ်ခမ်းညိုကြီးတွေထက် တစ်ခါမှာရေရာစွာမတွေ့မိခဲ့လေတဲ့ ခပ်သောသောအပြုံးတစ်
ခုကိုရှာဖွေတွေ့ရှိခဲ့လေသည်။

အကိုမိုင်က လမင်းတွေ့ဖူးသမျှယောကျ်ားတွေထဲ ကြည့်ကောင်းခန့်ညားလေတဲ့ယောကျ်ားချော ချောလေသည့်အမျိုးသားတစ်ယောက်ဆိုတာငြင်းရက်စရာမရှိတဲ့အမှန်တရားပါ။

သို့ပေမဲ့လည်း ရင်မောလှိုက်ဖိုစွာ တံတိုင်းတစ်ခုကပိတ်၍ကာရံထားလေပြီလေ။

"အကိုမိုင်ရဲ့ ကြင်ရာဖက်က သိပ်ကိုကံကောင်းတဲ့သူပါပဲ"

"ပြောစရာစကားဒီလောက်ပဲဆိုသွားခွင့်ပြုပါဦး၊ ဒီလိုကြာကြာရပ်ပြီးစကားပြောနေတာသိပ်မသင့်တော်ဘူးထင်လို့ပါ"

"ဘယ်သူကထင်မှာလဲအကိုမိုင်ရယ်၊ လမင်း
တို့ကိုဘယ်သူကမှ အမြင်လွဲမှားစွာနဲ့မျက်လုံး
နဲ့တောင်စွေမကြည့်ရဲပါဘူး"

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now