"လမင်းနဲ့အကိုမိုင်ကိုဖေဖေက လက်ဆက်ဖို့
သဘောတူစီစဥ်ခဲ့တာကောသိတယ်မလား၊ဖေဖေကပြောပြခဲ့တယ်လို့ လမင်းသိခဲ့ရတယ်...လမင်းသိချင်တာက အကိုမိုင်စိတ်ထဲ
အပြင်ကလက်တွေ့နဲ့ထပ်တူကျမိခဲ့လား"

"ခေါင်းဆောင်ညွှန်ကြားသမျှကိုလိုက်နာရမဲ့
စည်းကမ်းက ဂိုဏ်းကတပည့်တွေရဲ့တာဝန်အမိန့်တစ်ခုပေမဲ့ ကိုယ်ရေးကိုယ်တာကိုဟုတ်
သည်ရှိ၊မဟုတ်သည်ရှိ စွတ်ဖတ်လို့တော့ဘယ်ရလိမ့်မလဲ လမင်း"

"လမင်းသိချင်တာက အဲ့ဒီကိစ္စတွေနဲ့လားလားမှမအပ်စပ်ပါဘူး"

ထိုမိန်းကလေးရဲ့ လေသံခပ်နွဲ့နွဲ့နားမလည်နိင်
ခြင်းတွေပြည့်နှက်နေတဲ့စကားကို အရိပ်အကဲမဖမ်းတတ်အောင်ပင်။

ဒီမိန်းကလေးက စကားအရာမှာတော့သူလို
ချင်သည့်ကျော့ကွင်းထဲရောက်အောင်တွန်း
ပို့နိင်လေသည်။

"လမင်းပြောတာတွေ နားမလည်ဘူး"

"အကိုမိုင်....လမင်းကိုသဘောကျခဲ့လား"

မယုံနိင်စရာ! ဒီမိန်းကလေးဘာတွေပြောနေခဲ့
တာပါလိမ့်။

ဒီလူသားက သူမရဲ့မောင်အငယ်ဆုံးလေးနဲ့
ငြိစွမ်းနေတယသိရင် ဘယ်လောက်တောင်
ကြည့်ရဆိုးနေလိမ့်မလဲ။

"ဒီစကားကိုသာ ကျွန်တော်အချစ်ကြားရင်ဘယ်လိုမှစိတ်ကောင်းနိင်မှာမဟုတ်ဘူး၊ဒါကြောင့် စိတ်ထဲတောင်မရှိတဲ့အရာတွေနဲ့ကိုင်ပေါက်ပြီးမမေးပါနဲ့လား၊ ကျွန်တော်အိမ်
ထောင်ဖက်ကလွဲရင်ဘယ်သူကိုမှစိတ်ကူးထဲ
မယဥ်ခဲ့မိဘူး"

"အချစ်...ဟုတ်လား"

ဟု ခပ်တိုးတိုးလေး နှုတ်ခမ်းလွှာနှစ်ခုကဆို
ညည်းသံကိုကြားလိုက်ရပါ၏။

"လမင်းက သိချင်စိတ်တစ်ခုကိုဖုံးဖိမနေတတ်တဲ့အကျင့်ဆိုးလေးကြောင့်မေးလိုက်မိတာပါ၊လမင်း ကိုစိတ်မဆိုးဘူးမလား"

ဟု ခပ်သောသောလေးရယ်ပြပြီး မျက်ရည်ဝေ့သီနေတဲ့မျက်ဝန်းတွေဖြင့် ခပ်သွက်သွက်
လေးပြောလာပါ၏။

"အိမ်ထောင်သည်က သူ့မှာကြင်ရာဖက်ရှိတဲ့အကြောင်းကိုပြောပြတာ စိတ်ဆိုးရမတဲ့လား"

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now