အခန်း(၄၇)

Start bij het begin
                                    

ရှာလို့ မတွေ့နိုင်။ဆုတောင်းယုံသာ တတ်နိုင်
၏။

အပြင်းအထန် ကြိုးပမ်းပြီးမှ ရလိုက်သော အ
ဖြေက ထိုအဖြေမျိုး ဖြစ်နေခြင်းကြောင့် ဝမ်ရွှမ့်အနေနှင့် စိတ်ဓာတ်မကျဘဲနှင့်တော့ တင်းမခံနိုင်ခဲ့။

ထိုအချိန်တွင် ကောင်းကင်ကြီးလည်း တစ်ဖန် ပြန်ထွန်းလင်းလာချေပြီ။ကျန်းရီ ရောက်လာပြီး ဝိဥာဥ်လွင့်နေသည့်နှယ် ဖြစ်နေသော သူ့ကို တွေ့လိုက်ရသောအခါ အလွန်အမင်း ထိ
တ်လန့်သွားရ၏။သူ့ရှင်းပြသံကို နားထောင်ပြီးမှ ကျန်းရီက ရယ်လျက် ပြန်ပြောလာခဲ့သ
ည်။

"ကျွန်တော် ရှစ်ရှုန်းကို တကယ် ဂုဏ်ပြုပါတ
ယ်"

ဝမ်ရွှမ် ခဏမျှ အံ့သြသွားရသော်လည်း သ
ဘောပေါက်သွားချိန်တွင်တော့ သူပါ လိုက်ရ
ယ်မိ၏။

အမှန်ပါပဲ။ဒီအခြေအနေမှာ ရပ်ထားရပေမယ့် တခြား ရှုထောင့်က ကြည့်ရင် အခုချိန်မှာ သူ့ကို ကာဆီးပိတ်ဆို့နေတဲ့ ပြသနာ တစ်ခုလေးပဲ ရှိတာ။ကျန်းရီနဲ့အတူ တံခွန်တိမ်တိုက်ဂိုဏ်းကနေ ထွက်လာခဲ့တုန်းကတောင် ဒီခရီးဟာ ဒီလောက်အထိ ချောချော့မွေ့မွေ့ အဆင်
ပြေလိမ့်မယ်လို့ မျှော်လင့်ခဲ့ဖူးလို့လား?

"ဒါတွေ အားလုံးက မုရုံရှန်းကျစ်ရဲ့ ရက်ရောမှုကြောင့်ပါ"

"ဒီလိုဆိုမှတော့ ငါတို့လည်း တာဝန်ကို သေ
သေချာချာ အောင်မြင်အောင် ကြိုးစားမှ ဖြစ်မယ်"

အလုပ်တာဝန်အကြောင်းကို ပြောလာသော
အခါ ကျန်းရီလည်း အလေးအနက် ဖြစ်လာခဲ့သည်။

"ဒီတစ်ခေါက် လက်ဗလာနဲ့ ပြန်မလာရဖို့တော့ မျှော်လင့်မိတယ်"

ထို့နောက် ယူလာသော ပစ္စည်းများကို နောက်
ဆုံးအကြိမ်အဖြစ် ထုပ်ပိုးပြင်ဆင်ပြီးမှ ကျန်းရီကို အပြင်ဘက်သို့ ခေါ်ထုတ်လာခဲ့သည်။

အပြင်ဘက်သို့ လျှောက်လာစဥ်တွင် သူတို့နှစ်ဦးကို တံခါးရှေ့၌ ရပ်စောင့်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။မေးမြန်းကြည့်ပြီးနောက် ဤလူကို မုရုံဖုန်း လွှတ်လိုက်ကြော
င်း သိလိုက်ရသည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Waar verhalen tot leven komen. Ontdek het nu