အခန်း(၄၇)

Start from the beginning
                                    

ဝမ်ရွှမ်သည် ကျင့်ကြံခြင်းနည်းလမ်း ပါဝင်သော ကျောက်စိမ်းအပိုင်းအစကို ထုတ်ပြီး စာလုံးတစ်လုံးချင်းစီ ဖတ်၍ လက်ရှိအခြေအ
နေနှင့် နှိုင်းယှဥ်ကြည့်လိုက်သည်။သို့သော် ဘာအမှားအယွင်းမှ မတွေ့ပေ။ဤကျင့်ကြံခြ
င်းနည်းလမ်းသည် ချီသန့်စင်ခြင်းအဆင့်တွင် သူ အသုံးပြုခဲ့သော နည်းလမ်းနှင့် တူညီသည့် ရင်းမြစ်မှ ဆင်းသက်လာခြင်းကြောင့် သူ့အတွက်တော့ စိမ်းသက်မနေချေ။

မျက်မှောင်ကြုံ့ရင်း စိတ်အာရုံကို ပြန်စုစည်းကာ နောက်တစ်ကြိမ် ကြိုးစားလိုက်၏။ဤတစ်ကြိမ်တွင် စိတ်အာရုံ အလုံးစုံကို ကျင့်ကြံခြင်းနည်းလမ်းအသစ်၌ ဦးတည်ထားပြီး ဂရု
တစိုက် လေ့လာသည့်အပြင် ပါဝင်သော အ
ကြောင်းအရာတိုင်းကို ပိုင်းခြားမှတ်သားပြီး သူ့ခန္ဓာကိုယ်ထဲမှ ဝိဥာဥ်စွမ်းအင် ပြောင်းလဲမှုတိုင်းကိုပါ အသေအချာ အာရုံစိုက်ထားခဲ့သ
ည်။နောက်ဆုံးတွင် ရလဒ် တစ်ခုကို ရှာတွေ့သွားခဲ့သည်။

ရှာတွေ့ခဲ့သော ရလဒ်မှာ သူ ပြင်ဆင်ထားသော ဖြစ်ရပ် တစ်ခုလုံးတွင် အမှားအယွင်း ရှိမနေဘဲ အရာအားလုံး ပြည့်စုံနေပြီး ဖြစ်သ
ည်။သို့သော် နောက်ဆုံးအဆင့်ဖြစ်သည့် ဝိဥာဥ်စွမ်းအင် ပေါင်းစည်းရမည့်အချိန်တွင် တစ်
စုံတစ်ခုက လျှို့ဝှက်စွာ ကာဆီးနေသကဲ့သို့ ရှေ့ဆက်မတိုးနိုင်ခြင်း ဖြစ်သည်။

ဝမ်ရွှမ် သက်ပြင်းချလိုက်၏။

ကြည့်ရတာတော့'စိတ်ဝိဥာဥ်ဥာဏ်အလင်း'ဆိုတဲ့ စာလုံးလေး လိုနေတာပဲ ဖြစ်မယ်ထင်တ
ယ်။

ဝမ်ရွှမ့်တွင် ထူးထူးခြားခြား ထိတွေ့သိမြင်နိုင်စွမ်းရှိခြင်းကြောင့် ငယ်စဥ်ကတည်းက မြှော
က်ပင့်ချီးကျူးခံခဲ့ရသူ ဖြစ်သည်။

နောက်ဆုံးတော့ အဲ့ဒီ ဂုဏ်သတင်းကနေ ဆင်းပေးရမယ့် အချိန်လည်း ရောက်လာခဲ့တာပဲကိုး။

'စိတ်ဝိဥာဥ်ဥာဏ်အလင်း'ဟူသည် ကျင့်ကြံခြင်းလမ်းစဥ်၌ ဆန်းကြယ်ပြီး အလေးနက်ဆုံး အပိုင်းအဖြစ် သတ်မှတ်နိုင်သည်။ရှောင်
တိမ်းရ အခက်ဆုံး အပိုင်းလည်း ဖြစ်သည်။ထိုစကားလေး တစ်လုံးကြောင့် လူပုဂ္ဂိုလ် မည်မျှခန့် အကျပ်ရိုက်ခဲ့ရမှန်း တွက်ဆ၍ မရနိုင်ပေ။ဆိုရသော် ၎င်းသည် စိတ်ကြည်လင်ပြီး အတွေးအားလုံး တောက်ပနေသည့် ကံကြိုးတစ်သွယ်ကို ညွှန်ပြနေခြင်း ဖြစ်သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now