အခန်း(၄၇)

Start from the beginning
                                    

သူ့စိတ်အခြေအနေကို ဘယ်လို ဖော်ပြရမှန်းတောင် မသိတော့ပေ။စိတ်အခြေအနေကသာ ပြသနာဆိုလျှင် ယခုလက်ရှိ အခြေအနေဟာ ပထမဆုံးအကြိမ် စဝင်ခဲ့တုန်းကထက်တောင် ပိုဆိုးနေချေပြီ။

ဝမ်ရွှမ် အသေအချာ လေ့လာပြီးနောက် စိတ်
အခြေအနေက အဓိက ပြသနာ မဟုတ်မှန်း တွေ့လိုက်ရသည်။

ဒါဆိုရင် ဘာက ပြသနာ ဖြစ်နေတာလဲ?

ဝမ်ရွှမ် ဘယ်လောက် တွေးတွေး နားမလည်နိုင်ခဲ့ပေ။ကျင့်ကြံခြင်းအဆင့်တွင် ဤကဲ့သို့ မထင်မရှား ပြသနာမျိုးက ဖြေရှင်းရ အခက်ဆုံးဖြစ်သည်။ခက်ခက်ခဲခဲ ကြိုးစားလျှင်တောင် အဖြေရှာတွေ့မည် မဟုတ်။

အခြေခံတည်ထောင်ခြင်းအဆင့်မှ ယွမ်စုစ
ည်းခြင်းအဆင့်သို့ ပထမဆုံးအကြိမ် တက်လှ
မ်းခဲ့စဥ်က အနှစ်30တိုင် ကြာမြင့်ခဲ့ရခြင်းမှာ သူ လိုအပ်နေသော ကျင့်ကြံခြင်းနည်းလမ်းကို ရှာမတွေ့ခဲ့ခြင်းကြောင့် ဖြစ်သည်။

ဂိုဏ်းချုပ်ထံမှ ကျင့်ကြံခြင်းနည်းလမ်းကို လ
က်ခံပြီးနောက် အသေအချာ ပြင်ဆင်ပြီး တစ်ညတည်းနှင့် အောင်အောင်မြင်မြင် တက်လှ
မ်းနိုင်ခဲ့ဖူးသည်။ဟိုးယခင်တုန်းကတောင် ချောချောမွေ့မွေ့ အောင်မြင်ခဲ့သော ကိစ္စနှင့် ယခု ကြုံနေရသော ပြသနာကို ယှဥ်ကြည့်ရလျှင် အကျိုးအကြောင်း သင့်မနေချေ။

ဟုတ်သားပဲ....ကျင့်ကြံခြင်းနည်းလမ်း!

ရုတ်တရက် လှုံ့ဆော်မှုနှင့် ရိုက်ခတ်မိသွားသ
လို ချက်ချင်း အမှတ်ရသွားတော့သည်။

ယခင်တုန်းက သူအသုံးပြုသော ကျင့်ကြံခြ
င်းနည်းလမ်းကို ဂိုဏ်းချုပ်ထံမှ ရရှိခဲ့ခြင်း ဖြ
စ်သည်။ယခုလက်ရှိ သူသုံးနေသော ကျင့်ကြံခြင်းနည်းလမ်းကိုတော့ ဆရာဖြစ်သူ ချူလျန်ထံမှ ရရှိထားခြင်း ဖြစ်သည်။ကျင့်ကြံခြင်းန
ည်းလမ်း မတူတော့သည့်အတွက် ယခင်တုန်းက အတွေ့အကြုံကို အသုံးပြုနေခြင်းသည်လည်း အကျုံးဝင်တော့မည် မဟုတ်ပေ။

ဘယ်လိုပဲဖြစ်ဖြစ် ကျင့်ကြံခြင်းနည်းလမ်းကလည်း အဆင်သင့် ဖြစ်နေပြီ။ပစ္စည်းတွေလ
ည်း စုံနေပြီပဲကို။ဘယ်နေရာမှာ လိုနေတာလဲ?

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now