I Hate U [U]..

Mulai dari awal
                                    

မုန်းစရာကောင်းလွန်းတဲ့ အို ဆယ် ဟွန်း ။

တမင်များသူ့ဘဝထဲဝင်မရလေအောင် ချိတ်ပိတ်ထား
လေသလား ။

" မင်း အဲ့လိုလုပ်လို့ ဆယ် ဟွန်း နီး က
ဝန်လေးနေတာ ။ သူ့အတွေးထဲ မင်းနဲ့
တူညီတဲ့အဆင်အတန်းတစ်ခုမွာ ရင်ဘောင်တန်းနိုင်မွ
မင်းအနားပြန်လာလို့ရမယ်ဆိုပြီး ရိုက်သွင်းထား
မွတော့ လွယ်လွယ်ကူကူ ထုတ်ပြောပြမလား "

" ရတယ်လေ အဲ့လောက်တောင် ခေါင်းမာနေရင်
က်တော့်ဘက်က အကြမ်းနည်းနဲ့ မရ,ရအောင်ယူပြမယ် ။
ဂင်ဂျုံအင်ကိုမ်ား ပေါ့သေးသေးမှတ်လို့ .. ။
မလုပ်ရက်လို့လွှတ်ထားပေးတာကိုများ ချေမိုးပြနေတယ် "

ဒယ် ဒီ့ ရှေ့တင်ပင် ဒေါသတကြီးပေါက်ကွဲပြလိုက်သဖြင့်
တစ်နည်းနည်းနှင့်တော့ အို ဆယ် ဟွန်း ဆီ
ဒီစကားရောက်မည်ဘဲ ။

မာမီပြန်ပြောသည်ဘဲဖြစ်ဖြစ် ဒယ်ဒီလှမ်းသတိပေးသည်ဘဲ
ဖြစ်ဖြစ် ဂျုံ အင် ၏ ရာဇသံကို ဆယ်ဟွန်း သိရန်
အရေးကြီးသည် ။

" သားကဘဲ ဆယ် ဟွန်းနီး ကို နားလည်ပေးလိုက်ပါ "

" ဒီထက်နားလည်ပေးရင်လည်း သူမိန်းမယူသြားမွာကို
ထိုင်ကြည့်ဖို့ဘဲရှိတော့တယ် "

အို ဆယ် ဟွန်း ဆိုတဲ့သင်းက ပြောလို့ရသည့်အကောင်
မဟုတ် ။ ဂင် ဂျုံ အင့် အချစ်ကို မျက်ကွယ်ပြု ပြီး
အမှန်တကယ်ပင် မိန်းမယူသွားလျှင် ဒီလူဘဲ
ရင်ကွဲနာကျရဦးမည် ။

* ငါတို့ တက်တူးထိုးခဲ့တဲ့ဆိုင်ကို လာခဲ့ *

တစ်ဖက်မှပြန်အဖြေကိုတောင် မစောင့်တော့ဘဲ
ထိုတစ်ခွန်းတည်းပြောပြီး ဖုန်းချပစ်လိုက်သည် ။

အချစ်ဆိပ်နှင့်အမွ် တစ်ခုခုဆို ဒေါသထွက်လွယ်သည်
ကလည်း အို ဆယ် ဟွန်း ကြောင့်တည်းဟူသော
အကြောင်းအရင်းတစ်ခုတည်းသာ ။

.
.
.

" ကိုလေး .. "

" ရောက်ပြီလား .. "

လက်ဖ်ံပေါ် နောက်ထပ်အသစ် တက်တူးထိုးနေစဉ်
ရောက်လာသော ဆယ် ဟွန်း သည် အဝတ်မဲ့
အပေါ်ပိုင်းကိုယ်တစ်လွှားမှ သူ့နာမည် တက်တူးအမ်ား
အပြားကိုမြင်ပြီး မျက်မှောင်ကုတ်သွားသည် ။

ကို​ ​ေလး .. [ Complete ] Tempat cerita menjadi hidup. Temukan sekarang