Only One For Me .. [U]

Start from the beginning
                                    

သူ့လိုလူက အသားအနာခံပြီး တစ်ပါးသူနာမည်ကို
တယုတယ မော်ကွန်းထပ်ရအောင် ဘာမှလည်း
ဆိုင်သည်မဟုတ် ။

ဂင် ဂျုံ အင် သကောင့်သားဘက်က ဆိုင်ချင်
နေသည်ကို ဆယ် ဟွန်း က လျစ်လျူ ရှုပစ်ထားသည်က
တစ်ကန့် ။

စိတ်ရူးပေါက်ပြီး တက်တူးထထိုးသည့် သူ့အကြံကို
မအံ့ျသပေမဲ့ ကိုယ့်နာမည်ကို သူစိမ်းတစ်ယောက်
အသားပေါ်မှာ သေတဲ့အထိ မပျောက်ပျက်ဘဲ မြင်နေရ
မည့်ကိစ္စမျိုးကိုတော့ ဆယ် ဟွန်း လက်မခံနိုင် ။

" ဘာစောက်ရူးထပြန်တာလဲ ဂင် ဂျုံ အင် "

ဒေါသတကြီး ဝုန်းဒိုင်းကြဲ ဆိုင်အတွင်းထဲ ဝင်သွားချိန်
ခပ်မြဲမြဲဆိုဖာပေါ်တွင် ထိုင်နေသည့် ဂျုံ အင် နှင့်
အလုပ်စနေပြီဖြစ်သော တက်တူးပညာရှင် ။

SHIT !! တားချိန်တောင်မရလိုက်သည်မို့
ဂျုံ အင့် လည်ပင်းဇောင်းပေါ် တစ်ရိပ်ရိပ်ပြေးနေသည့်
တက်တူးစက်ကိုသာ ဆွဲလုလိုက်ချင်သည် ။

မတော်တဆ လည်ပင်းထိုးမိမွ အမှုပတ်မည်
ဖြစ်သဖြင့် စိတ်တစ်ထစ်လျှော့ပြီး အနားက ကုတင်
ကျဉ်းကျဉ်းပေါ် ထိုင်ချလိုက်သည် ။

အချိန်ခဏလေးအတွင်း ရုပ်လုံးပေါ်လာသော
ဆယ် ဟွန်း နာမည်တက်တူးက ရိုးရှင်းစွာပင်
ထင်းနေ၏ ။

မကျေနပ်ပေမဲ့ သေသေသပ်သပ် လက်ရာက
သကောင့်သား၏ လည်ပင်းပေါ် အခန့်သား
နေရာတက်ယူထားတော့ ပြသာနာရှာမည့် ဆယ် ဟွန်း
ကိုပင် ပါးစပ်ပိတ်သြားစေသည် ။

" မင်းက ငါ့လူဆိုတာ လူသိစေချင်ရုံပါ ဆယ် ဟွန်း "

" ချီးဘဲ .. ငါက မင်းလင်မို့လို့လား "

" ဟုတ်တယ်လေ မကြာခင်ဖြစ်လာတော့မှာဘဲ "

" ကိုလေးရာ လူမြင်ကွင်းမွာ ထိုးရသလား ..
မာမီ နဲ့ ဒယ်ဒီတွေ့ရင် တမျိုးထင်ကုန်မွာ မင်းသိရဲ့သားနဲ့ "

တွေးကြည့်ရုံနဲ့တင် တော်ရုံပြီးသွားမည့် ပြသာနာ
မဟုတ်သည့်အပြင် ဂျုံ အင် ၏ တစ်ဇွတ်ထိုး အကျင့်နှင့်ဆို
အိမ်တွင်းရေးမုန်တိုင်းတွင် ဆယ် ဟွန်းက အဓိကတရားခံ
ဖြစ်ရလိမ့်မည် ။

ကျေးဇူးတရားဆိုသည့်အမျိုးက ခိုင်ခန့်လွန်းသော
နှောင်ဖွဲ့မှုမဟုတ်ပါလား ။

စိတ်ပျက်စရာကောင်းလွန်းသော အခြေအနေ၌
ဆယ် ဟွန်း ကျေးဇူးကန်းသော သား လုံးဝမဖြစ်ချင် ။

အထက်တန်းကနေ တက္ကသိုလ်ရောက်သည်အထိ
ဆယ် ဟွန်း ဘက်က ဂျုံ အင့် အပေါ် ဘာစိတ်မွ မရှိသဖြင့်
ထိုသို့သော ကိစ္စမျိုးဖြစ်လာမည်ကို အတော်လေး
စိတ်ပူမိ၏ ။

" ဆယ် ဟွန်း မင်းရော မထိုးချင်ဘူးလား "

ဘေးနားလာထိုင်ပြီး သူ့လည်ပင်းသူပွတ်သပ်ရင်း
ဆယ် ဟွန်း ကိုစ, စကားဆွယ်လေရဲ့ ။

အစကတော့ စိတ်ကူးမရှိပေမဲ့ ဘယ်လောက်ဘဲ
စကားအပြောင်တွေပြောပြော ဆယ် ဟွန်း ကို
ဂျုံ အင် ဘယ်လောက်ထိအလေးထားကြောင်း သိသည်မို့
အလွယ်တကူပင် အသားအနာခံဖို့ ခေါင်းငြိမ့်နိုင်သည် ။

ဤသည်ကလည်း နှစ်ချီပြီး ဆယ် ဟွန်း ကို
သိသိသာသာရော မသိမသာရော ဂရုစိုက်မှုတွေအား
တစ်ခုခုဘဲဖြစ်ဖြစ် တုန့်ပြန်ပေးချင်သည် ။

ဒါမွ အကြွေးမတင်တော့မည် ။

" က်တော့်ကို ညာဘက် ခြေကျင်းဝတ်မွာ Kim Jongin
အင်္ဂလိပ်လို သူ့ပုံစံအတိုင်း ထိုးမယ် "

" ဘာလို့ ခြေထောက်မွာလဲ .. ထိုးစရာနေရာအဲ့လောက်
ရှားသလား "

သူ့နာမည်ကို ခြေထောက်မွာ တက်တူးထိုးမည်ဆိုသော
ကြောင့် မျက်နှာကြီးမဲပြီး ဆယ် ဟွန်း အော်ဟစ်
ပြသာနာရှိသည့်တိုင်း မကြားချင်ယောင်ဆောင်ပြီး
ဖိနပ်ချွတ်ကာ ညာခြေကို ကုတင်ပေါ်တင်လိုက်သည် ။

ခြေမျက်စိဖုံး ဘောင်းဘီကို လိပ်တင်ပြီး အသားထဲ
စိုက်ဝင်လာသည့်အပ်ကို လျစ်လျူ ရှုပစ်ကာ
ဂျုံ အင့် ပခုံးပေါ် ခေါင်းမှောက်ချလိုက်၏ ။

အို ဆယ် ဟွန်း သည် တမင်တကာကြီး အသားအနာခံ
ရမည်ကို အင်မတိအင်မတန်မွ မုန်းသူဖြစ်သဖြင့်
အခုလို တက်တူးထိုးခြင်းကို စိတ်တောင်မကူးသူ ။

" မင်း ကို အကြွေးဆပ်တာ .. ပြီးတော့ အခုအချိန်ထိ
ငါ့လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပေးလို့ ကျေးဇူးတင်တာ
ငါ မင်း ကို ကျေးဇူးတင်ပါတယ် ကိုလေး "

" ရက်စက်လိုက်တဲ့ အို ဆယ် ဟွန်း ။
အခုအချိန်ထိ ငါက မင်းအတွက် ညီအကိုပတ်သတ်မှုဘဲလား "

.
.
.

မုန်တိုင်းပါမည်ထင်သလား
မြင်သာထင်သာရှိနေတဲ့မုန်တိုင်းဆိုရင်မထည့်ချင်ဘူး
အဲ ဒါပေမဲ့ ဒရမ်မာ တွေအရမ်းချိုးချင်လာရင်တော့
ဟဲဟဲ 😝😁

ကို​ ​ေလး .. [ Complete ] Where stories live. Discover now