* ငါရောက်ပြီ ဆင်းလာခဲ့တော့ *
ဂျုံ အင့်ဆီက မက်ဆေ့ရောက်ရောက်ချင်း ဆယ်ဟွန်း
ကိုယ့်ပုံကို မှန်တစ်ချက်ကြည့်ကာ အားတင်းပြုံးလိုက်သည် ။အခြေအနေတစ်ခုအထိတော့ မိန်းကလေးလို့ဝတ်ခြင်းကို
သည်းခံဆက်လုပ်ရမွာဘဲ ။" ဆယ် ဟွန်း လား "
အသက်မပြည့်သေးသောကြောင့် ကိုယ်တိုင်ကားမောင်း
ခွင့်မရသေးသော သူတို့နှစ်ဦးစလုံးအတွက် ဒယ်ဒီက
ကားဒရိုင်ဘာစီစဉ်ပေးထားသော်လည်း ဆယ် ဟွန်း
ရောက်ချိန် ဂျုံ အင် တစ်ဦးတည်း ။" ကား မပါဘူးလား "
( ဆယ် ဟွန်း ပုံက ဒီလောက်ပါဘဲ အရမ်းမိန်းကလေးလို
ပြင်တာမျိုးမဟုတ်ဘူး )ဆယ် ဟွန်း အမေးကိုကြားပုံမရသော ဂျုံ အင့်မျက်နှာ
သည် ပြုံးစိစိနှင့် အတော်လေးကျေနပ်နေသည့်အတိုင်း ။" ချစ်စရာလေး .. "
" ဘောကို ချစ်စရာလေး အျခားအတွေး , တွေးမယ်
မကြံနဲ့ "ဂျုံ အင့် ရှေ့တည့်တည့်ရောက်လာသည့် ဆယ်ဟွန်း ကို
သေချာစိုက်ကြည့်ပြီး အူယားလာသဖြင့် လက်တစ်ဖက်က
ခါးကနေ ဆွဲကပ်လိုက်ကာ တစ်ဖက်က
ဆယ် ဟွန်း ၏ ပန်းရောင်ရေးရေး ပါးပြင်ကို မထိရက်
မကိုင်ရက် သဖွယ် ဖြဖြလေးပွတ်သည် ။ပန်းဆီရောင်ပြေးနေသည့် နှုတ်ခမ်းပါးပါးကိုလည်း
တစ်ချက်နမ်းလိုက်သေးသည် ။" အခုအချိန်ကစပြီး မင်းက ငါ့ချစ်သူ .. အဲ့တော့
ငါအသားယူလို့ရပြီ "" မင်းကြီးတော်ကိုဘဲ အသားသြားယူ "
ရုန်းထွက်သြားသော ကိုယ်လုံးလေးကို နှမြောတသမိ
သော်လည်း အဆဲသန်လွန်းသော ကိုယ်တော်လေး၏
စကားကြောင်း စိတ်မဆိုးသလို ကျေနပ်ပီတိအပြုံးကြီးက
ဂျုံအင့်နှုတ်ခမ်းလွှာပေါ် မိန့်မိန့်ကြီးနှင့် အခန့်သား
နေရာယူလို့ ။" သူငယ်ချင်းတွေနဲ့ တွေ့ဖို့ရှိတယ် သူတို့ရှေ့
မင်းငါ့ကို ကိုကိုလို့ခေါ် .. "" သေလေ .. ကိုလေးဘဲမရဘူး "
" မရဘူး မင်းအသံလေး နည်းနည်းပျော့ပြီး ကိုကိုလို့ဘဲ
ခေါ်ရမယ် ။ ငါ့စကားအတိုင်း လိုက်နာရမွာ
မင်းနဲ့ငါ့ကြားက သဘောတူညီချက်ဘဲ "
Deep inside My Heart .. [U]
Start from the beginning