အပိုင်း (၅၉ )

Start from the beginning
                                    

" ဟင်းအင်း...သား ဘာမှမတွေးနိုင်သေးဘူး ၊ ဖေဖေ..ပြန်မတွေးပေးတော့ဘူးဟင် "

နောက်ဆုံးမျှော်လင့်ချက်စကားလေးကို အားတင်းပြီး ဖေဖေအနီးနား ပုဆစ်တုပ်ထိုင်ချ၍ ဖေဖေလက်ဖမိုးလေးကို ဆုပ်ကိုင်ထားမိသည်။ စီးဆင်းပါစေတော့ ။ မျက်ရည်ကြည်များကို လက်ခုံဖြင့် ပွတ်သပ်၍ ဖေဖေကိုမော့ကြည့်ကာ မေးမိသော်လည်း ပြောင်းလဲမလာသော ဖေဖေ ဆုံးဖြတ်ချက်ကြောင့် ရင်ထဲ နွမ်းလျပြန်သည်။

သားငယ်ကိုအကြောင်းပြ၍ပြောသော်လည်းဖေဖေက အခိုင်အမာဆုံးဖြတ်ချက်ချထားပြန်သည်။

"သားအဖေကို နားလည်ပေးလိုက်ပါ ကောင်းပြည့်၊ ဒါ အစ်ကို ဆုံးဖြတ်ပြီးသား မို့ တို့တွေကအကောင်းဆုံး ပံ့ပိုးပေးကြရမယ်၊ သူ့ လျှောက်လှမ်းတော့မယ့် လမ်းကို ချောမွေ့အောင် သားက တာဝန်အရှိဆုံးပဲ "

"ဆရာ."

အဖေက ကျွန်တော်တို့သားအဖကို စိတ်ချပြီမို့ မွေးရပ်မြေပြန်ပြီး သာသနာဘောင်အပြီး ဝင်တော့မယ်တဲ့ ၊ ဘယ်လိုတောင် ပြောရက်ခဲ့တာလဲ ဖေဖေရယ်။ သားတို့ ခုမှပြန်ဆုံတွေ့ကြရတာ အချိန်ကာလကို လက်ချိုးရေလို့ ငါးခု မပြည့်သေးဘူး၊ သားတို့ကို ထားပြီး သွားရက်သလားလို့ မမေးရက်ခဲ့ပြန်ဘူး ။သံသရာခရီးက ရုန်းထွက်ဖို့ကြိုးစားနေတဲ့အဖေ ကိုသား ဘယ်လို တားရက်မလဲ။

" ဆရာ..ဖေဖေကို ပြောကြည့်ပါအုံးလား ဟင်"

" ဒီလမ်းကိုလျှောက်ဖို့ ဆုံးဖြတ်ထားတဲ့ သားအဖေကို ဆရာက လေးစားအတုယူနေတာ၊ သူ့ဆုံးဖြတ်ကို အလေးထားရမယ်၊ ငါတို့မလုပ်နိုင်တဲ့ လမ်းကို သားအဖေက မြင့်မြတ်စွာ ရွေးချယ်သွားခဲ့တာ သားရဲ့"

ပူလောင်လှတဲ့ လူ့လောက၊ လူ့ဘောင်ကို ဖေဖေက ရုန်းထွက်ပြီး သံသရာခရီးက ရုန်းထွက်ဖို့ကြိုးစားနေပြီမို့ ကျွန်တော် မတားတော့ပါဘူးလို့ ဆရာကို ဝမ်းနည်း၊ ဝမ်းသာ ခံစားမူ အပြည့်ဖြင့်ခေါင်းညိတ်ခဲ့မိတယ်။ ဖေဖေ ကရွေးချယ်ခဲ့တဲ့လမ်းကို သံယောဇဉ်သွေးသားကြောင့် အပူလောကထဲ ပြန်ခြေမချစေချင်ဘူး ၊ သံယောဇဉ်ဖြတ်ဖို့ကြံနေတယ်လို့ မတွေးရက် ပဲဖေဖေ မြင့်မြတ်တဲ့လမ်းကို သိက္ခာရှိရှိ​ရွေးချယ်ခဲ့တာပါ့လားလို့ ပြန်တွေးပြီး အဖေအတွက် ဂုဏ်ယူနေပါ့မယ် ။

ချစ်ခြင်းတို့အလွန် Where stories live. Discover now