Part-1

11.6K 521 31
                                    

Unicode Version

"အိပေါ်လေးရေ လျှောက်မပြေးနဲ့လေကွယ် ကလေး‌လေးထိခိုက်မယ်လေ "

အိမ်တော်ထိန်းယွင်တစ်ယောက် လုံးလုံး လုံးလုံးနဲ့
ပြေးသွားတဲ့ကောင်လေးနောက်ကို အမောတကော
လိုက်နေရတယ်။ မတော်တဆ ဗိုက်ထဲကကလေး
လေးထိခိုက်သွားရင် ရင်ကျိုးရချည်ရဲ့။

"ကိုကို့ဆီသွားမှာ... အိမ်တော်ထိန်းယွင် ကိုကို့ဆီသွားမှာလို့ "

အသက်20ပြည့်တာ မကြာသေးတဲ့ကောင်လေးကသိပ်မရင့်ကျက်ဘူး။ ငယ်ငယ်ကတည်းက သူ့လက်ထဲမှာပဲကြီးပြင်းလာတဲ့ကလေးလေး။ သူ့သွေးသားအရင်းလိုပင်ချစ်ရပါသည်။ ယွင်ကလည်း သားသမီးမရှိတဲ့သူမို့ရိပေါ်လေးကိုပဲ အရိပ်တကြည့်ကြည့်နဲ့ချစ်နေရတာဖြစ်သည်။

သူမချစ်ရတဲ့ကလေးလေးကတော့ သူ့ကိုကို
ကိုတအားချစ်သည်တဲ့။ သူ့ကိုကို ဆိုတဲ့ ရှောင်းမျိုးရိုးကို အိမ်တော်ထိန်းယွင်က သိပ်ကြည့်မရပါ။ ရိပေါ်ရဲ့မိဘနောက်ခံကြောင့်သာ ရိပေါ်လေးကိုလက်ထက်ခဲ့တာဖြစ်ပြီးကလေးအပေါ် နည်းနည်းတောင် နွေးထွေးမှုမပေးတဲ့လူစားမျိုးဖြစ်သည်မို့။

သူမကလေးလေးကသာ ကိုကို့ကို ချစ်တယ် လက်
ထက်ချင်တယ်ဆိုပြီး မိဘတွေဆီ အစာငတ်ခံဆန္ဒ
ပြပြီး ပူဆာခဲ့လို့သာ အိမ်ထောင်ရေးဖြစ်လာခဲ့တာ။

အကုန်လုံးကဝိုင်းချစ်ကြတဲ့ ကလေးလေးကို အဲ့ဒီ
ရှောင်းမျိုးရိုးက မချစ်ဘူးတဲ့ ယွင်တစ်ယောက်တကယ်ပင် အံ့ဩမိပါသည်။

"ကလေးရယ် သားကိုကိုက အခုဆို စခန်းမှာအလုပ်အရမ်းရှုပ်နေမှာ အိမ်ပြန်လာတာကိုပဲစောင့်လိုက်ပါနော် ။ လိမ္မာပါတယ် ထမင်းစားရအောင်လေ ထမင်းစားမှ ဗိုက်ထဲက ကလေးလေးက အားရှိမှာပေါ့။ယွင်လေးစကားနားထောင်ပါ သားရယ် "

"ပြီးရော.. ကိုကိုက ပြန်မလာတာသုံးရက်တောင်ရှိပြီအိပေါ်လေးကလွမ်းတာပေါ့"

သားငယ်လေးရယ် မေတ္တာမလိုချင်တဲ့သူကိုမေတ္တာ
တွေစွတ်ပေးနေတော့တာပဲ။

ညနေခြောက်နာရီ ရိပေါ်ထမင်းစားပြီးမကြာဘူး
ကိုကိုပြန်ရောက်လာခဲ့သည်။ ကိုကိုက ရှပ်အကျီနဲ့
ဂျင်းဘောင်းဘီကို သပ်ရပ်စွာဝတ်ဆင်ထားသည်။

Until I Found You [Zhanyi/Complete]Where stories live. Discover now