အပိုင်း (၅၈)

Start from the beginning
                                    

ကိုယ့်လက်ထဲရောက်နေသောလက်ဖဝါးနုနုလေးက ရုန်းထွက်ဖို့ပြင်နေသည်ကား နီရဲနေရှာပြီ။

ကလေးငယ်ကိုယ်လေးကို တစ်ပတ်လည်အောင်လှည့်ပြီး နောက်ကနေသိမ်း၍ ပွေ့ဖက်ထားမိသည့် မိနစ်ပိုင်းလေး။ နွေးထွေးလွန်းသူလေးကို နောက်ကနေသိမ်းပွေ့လိုက်တော့ ထွက်လာတဲ့ဒေါသသံလေးက " ခင်များ .."တဲ့။

" ခဏလေးပါကလေးရာ "

" ဖယ်စမ်းပါ "

" လွမ်းတယ်ကလေးငယ် ၊ ကိုကိုမြင်နေရပါလျှက်နဲ့ လွမ်းနေရပြီ"

"........."

ငြိမ်သက်သွားသူလေးကို ပိုတိုးလို့ပွေ့ဖက်မိသည်။

" ကိုကို့လွမ်းလှပြီ ကလေးငယ်၊ ကလေးစိတ်တိုင်းကျ ဖြစ်စေမှာမို့ ကလေးငယ် ခွင့်လွတ်ပေးနိုင်မလား"

နွမ်းနယ်မောဟိုက်နေသော နှလုံးသားကို ကလေးငယ် ပုခုံးလေးပေါ် မျက်နှာအပ်ပြီး နာကျင်ခဲ့ရသမျှ ကြည်ဖြူစွာစီးဆင်းခဲ့သည့် ကြည်နူးခြင်းမျက်ရည်ကြည်များ။

တိုးညင်းသော နှလုံးသားတောင့်တ သံတို့ဖြင့် ကလေးဆီက ခွင့်လွတ်မူကို အယူခံဝင်မိသည်။

နောက်ဖက်ဆီမှ ခပ်တင်းတင်းပွေ့ဖက်ထားသည့်ကျွန်တော့်လက်တွေကို ဖယ်ခွါနေသော ကလေးငယ်။

နူးညံ့လွန်းတဲ့လက်သေးသေးလေပေါ်ထပ်အုပ်၍ သိမ်းဖက်မိတော့ ငြိမ်ကျသွားသည့် တစ်ခဏ။

မည်သည့်စကားမှမဆိုဘဲ၊ မည့်သည်ကိုမှ မကြည့်ဘဲ ၊ ဝန်းကျင်လေထုကို မေ့လျော့စွာ သင်းရနံ့လိူင်နေသော ပန်းရနံ့တွေကြားက ကလေးကိုယ်သင်းရနံ့လေးကို အမြတ်တနိုးရူရိူက်မိသည်။

လန်းဆန်းစေသည်။

မိန်းမောရူးသွပ်စေသည့်ရနံ့သင်းသင်းလေး။

သစ်သီးရနံ့မဟုတ်သော ပန်းရနံ့သင်းသင်းမွှေးသည့် ကလေးငယ့်ကိုယ်သင်းရနံ့လေး။

ကိုယ်၊ စိတ် အာရုံအလုံးစုံကို နွေးထွေးမွှေးပျံ့လှသည့် ရသငယ်လေး။

ထွက်လေနွေးနွေးတို့ကို ကလေးငယ် ဂုတ်သားလေးပေါ် ခြေချမိတော့ တစ်ချက်တွန့်သွားသည့် ကလေးငယ်ရယ်လေ ။

ချစ်ခြင်းတို့အလွန် Where stories live. Discover now