" ကျနော်ဘဲလိုက်ခဲ့မယ်! ! "

ထို့နောက် အဘိုးကြီးဘက်ကလည်း ငြင်းဖို့အစီအစဥ်ရှိနေတာမို့ .Jm ကိုယ်တိုင်ပါဝင်ပြီး လုပ်ကြံဇာတ်ခင်း၍ Rumor ကိုငြင်းခဲ့သည်...

" ဒါဖြင့် ဒီကိစ္စငြိမ်သွားအောင် KimJi Power ကိုထုတ်သုံးရမယ်ထင်တယ်! ! "

ပြောလိုက်တော့ အဘိုးကြီးကမျက်ခုံးတွေပင့်တက်သွားကာ စဥ်းစားပြီးမှ နားလည်သွားသည့်ဟန် အကြည့်တစ်ချက်ပို့သည်..

....

ဒီနေ့ လူကြီးလမ်းကြောင်းရှိသည်မို့ Jungkook တို့လို လက်ရွေးစင်တပ်သားတွေက အစောင့်အရှောက်အဖြစ် ပါဝင်အားဖြည့်ရသည်.. အခုဝန်ကြီးချုပ်က Cultural and artistic award ceremony ( အခမ်းအနား)ကိုတက်ရောက်ခြင်းဖြစ်သည်..

ထိုအခမ်းအနားမှာ Jungkook တို့လိုအရာရှိတွေလည်း Suit အပြည့်ဖြစ်ပါဝင်တာဝန်ထမ်းဆောင်ရသည်.တစ်ချိန်လုံး ရှင်းလင်းရေးလုပ်နေရင်းနဲ့ ချာချာလည်နေတာ တဖြတ်ဖြတ်နဲ့ Camera သံတွေကြားမှ David ကအနားကပ်လာကာ

" Rumor တွေအတိုင်း Kim Taehyung တို့အဖွဲ့ဟုတ်နေတာဘဲ! ! " တဲ့

David ပြောမှ လှည့်ကြည့်မိတော့ Camera မီးတဖြတ်ဖြတ်ကြားမှ ထွက်ပေါ်လာတဲ့မျက်နှာလေးက ကြည်ရှင်းနေခဲ့သည်.. တကယ်ကို Kim Taehyungက ကင်မရာမီးရောင်တွေနဲ့လိုက်ဖက်သည်.. Suit အပြည့်နဲ့ တောက်ပတဲ့အသွင်ဆောင်သည်..

" မျက်နှာအမူအရာလည်းပြင်အုံး! ! vd တွေထဲပါနေအုံးမယ် "

David ပြောမှ မျက်နှာလွှဲမလို့ရှိသေး Titan တစ်ဖွဲ့လုံးက သူ့တို့ရှိရာလမ်းဘက်လျှောက်လာတော့ မထင်မှတ်ဘဲ Kim Taehyung အကြည့်က သူ့ဆီရောက်လာသည် ..ဒါပေမဲ့ တစ်စက္ကန့်စာလောက်တောင်မကြာ.. မသိတဲ့လူလိုအကြည့်လွှဲသွားသည်..

Kim Taehyung အနောက်ကပါလာတဲ့ Park Jimin ကလည်း မကျေမခဲအကြည့်ဖြင့်အကြည့်လွှဲသွားသည်. အခုတလောမှ KimJi mm တွေကအရင်ကထက်ပိုပြီးထင်ထင်ရှင်းရှင်းတွေရှိလာသည်. တခါတလေ နမ်းကြတော့မလိုလို မထိတထိနဲ့ အသဲတယားယားဖြစ်သည့် နှစ်ယောက်ရဲ့နေပုံထိုင်ပုံတွေ ..ဒါက Fan service လား တကယ်လားတောင်မပြောတက်တော့ပေ
Ji က Kim ကိုအချစ်ကြီးတာရိပ်မိပေးမဲ့ Kim ကကော ဘယ်လိုသဘောရှိနေမလဲ..

" Gold & Pink & Kim " [ Completed ] Where stories live. Discover now