အပိုင်း (၅)သူ၏မိသားစုအသစ်နှင့်တွေ့ဆုံခြင်း။

Start from the beginning
                                    

လောင်ယန် က ခေါင်းညိတ်ပြပြီး ဆရာဝန်ဆီမှ သူ့အမူအရာကို ဖုံးကွယ်ထားလိုက်သည်။ ဒီခန္ဓာကိုယ်က လောင်ယန် ပေါ့။ အဲဒါက အရာတွေကို ပိုလွယ်စေသည်။ အကယ်၍ သူသည် အခြားအမည်တစ်ခုဖြင့် အဆုံးသတ်ခဲ့မည်ဆိုလျှင် တုံ့ပြန်ရန်မှာခက်မှာ သေချာပါသည်။ ခုတော့ သူလုပ်စရာရှိတာက သူ့မှာ သတိမေ့နေခဲ့တယ်လို့ဆက်ဟန်‌ဆောင်နေရုံပါပဲ။ ဤခန္ဓာကိုယ်တွင် သင့်လျော်သော အမှတ်ရစရာများ မရှိသောကြောင့် လုပ်ရန် မခဲယဉ်းလှပေ။

ထို့အပြင် သူသည် အပြစ်ကင်းစင်သော ဆယ်နှစ်သားကလေးတစ်ဦးကဲ့သို့ ပြုမူနေရမည်ဖြစ်သည်။ ဒီခန္ဓာကိုယ်က ဆယ်နှစ်သားမှာ သတိမေ့မြောသွားတဲ့အတွက် အဲဒီ့အသက်အရွယ်မှာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေလည်း ရပ်တန့်သွားလိမ်မည်ပင်။ အရွယ်ရောက်သူအတိုင်း စတင်သရုပ်ဆောင်တာက သူ့အတွက် ထူးဆန်းနေလိမ့်မည်။ ထို့ကြောင့် နိုးလာသောအခါတွင် သူသည် သရုပ်ဆောင်နေနှင့်နေပြီး ဖြစ်သည်။ ဘာမှမသိတဲ့ ကလေးတစ်ယောက်လို သရုပ်မဆောင်ရင် သူ့ပတ်ဝန်းကျင်က လူတွေက သူ့ရဲ့ ပုံမှန်မဟုတ်ကို သိနိုင်သည် မဟုတ်ပါလား။ သူသည် ဤဘဝတွင်

'‌‌သခင်လေး လောင်ယန်' အဖြစ် နေထိုင်ရန် ဆုံးဖြတ်ထားပြီးသားဖြစ်သောကြောင့်၊ လူများက သူသည် အခြားလူတစ်ဦးဟု ထင်မြင်နေလျှင် မကောင်းပေ။

ပတ်ဝန်းကျင်အသစ်တွင် လိုက်လျောညီထွေဖြစ်အောင် လိုက်လျောညီထွေ ရှင်သန်နိုင်စေရန် တိကျသောနည်းလမ်းဖြင့် သရုပ်ဆောင်နိုင်ခြင်းသည် လောင်ယန် ၏ထူးခြားချက်ဖြစ်သည်။ ဒါ သူအမြဲတမ်း ရှင်သန်နေခဲ့နည်းလမ်းဖြစ်‌နေခဲ့ပြီးသားပင်။ အဲ့တာကြောင့် အခုလည်း ဘာမှ မထူးခြားသွားပါဘူး။ အလွန်လှပသော ဤမျက်နှာဖြင့်ဆိုလျှင် ပို၍ပင် လွယ်ကူပေလိမ့်မည်။ လောင်ယန်သည် သူ၏ 'မိသားစုအသစ်' သည် ကြီးမားသောနာကျင်မှုကို ခံစားရမည်မဟုတ်ဟုသာ မျှော်လင့်ခဲ့သည်။

မကြာခင်မှာပဲ သူနာပြုအနည်းငယ်ဝင်လာပြီး တစ်ကိုယ်လုံးဆေးစစ်ဖို့ ဂရုတစိုက်ပြင်ဆင်နေကြသည်။

သွေး၊ ဆီးနှင့် မစင်နမူနာများကို ယူပြီးနောက် MRI စကင်န်ကို ခံယူပြီးနောက် ဒေါက်တာ ဟန်သည် လောင်ယန် ၏ တုံ့ပြန်မှုကို စတင်စမ်းသပ်ခဲ့သည်။ သူပြီးသွားတော့ လောင်ယန် ရဲ့ ဆေးရုံအခန်း တံခါးက ရုတ်တရက်ပွင့်လာခဲ့၏။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now