" မင်းလူကြီးက မင်းကိုလုပ်ခွင့်ပြုမယ် ထင်တယ်လား "
" သူခွင့်ပြုချက်ယူနေစရာမလိုဘူး "
" ဟက်.....ငါအထင်တော့ မင်းတို့ အရင် ဆွေးနွေးသင့်တယ်ထင်တယ် "
" ဆိုင်သလား ....ငါနဲ့မပတ်သတ်ဘူး "
မဆိုင်လို့ပဲ သားတစ်ယောက်တောင် မွေးထားသေးတယ်နော်။ ခုထိ ငြင်းအားသန်နေတုံး။
" ဟော.....ဘေဘီတောင် ဒီအရွယ်ရောက်ပြီ မပတ်သတ်ဘူးပြောနေလို့မရဘူးလေကွာ၊ ငါလည်း အဲ့လူအပေါ် အမြင်မကြည်ပါဘူး ဒါပေမယ်..."
" ဒါပေမယ့်တွေ ဘာတွေ မရှိဘူး ငါ့သားအတွက် ငါအလုပ်လုပ်မှာ လူကြီးတွေခွင့်ပြုရင်ရပြီ သူကိုထည့်တွေးနေစရာမလိုဘူး ရှင်းလား "
နူတ်ခမ်းလေးထော်ပြီး ရန်တွေ့နေပုံက ငယ်ရုပ်အတိုင်း၊ သားတစ်ယောက်သာ မွေးထားတာ ဝင်းအိပြီး ပိုချောလာတဲ့ ငကောင်း ၊ အပြင်ကလူတွေ ဒီပုံကိုတွေ့ရင်ကလေးအဖေဆိုတာ ယုံန်ိုင်စရာမှမရှိ။ သတ္တိခဲလေး ငကောင်းက ဘေဘီကို ရဲရဲဝင့်ဝင့် မွေးဖွားတာကိုတော့ ချီးကျူးစရာပဲ ။
" ဒါဆို မင်းဘာလုပ်မယ်တွေးထားလဲ "
အနက်ရောင် suit ဖြင့် ခြေချိတ်ထိုင်ရင်း သူ့ဘာဖြေမလဲ စိတ်ဝင်စားနေပုံဖြင့် ဟန်ပါပါထိုင်နေမိသည်။ အငြင်းသန်ဆဲ ငကောင်းကို ပြိုင်မငြင်းတော့ သူဘာဖြစ်ချင်လဲ သိမှ ဘယ်လို လုပ်သင့်လဲ ဆုံးဖြတ်ရမည်လေ။
"အင်း....."
အဖြူရောင် oversized T-shirt ကိုအောက်ခံ ပြာနုရောင် ချည်ဘောင်းဘီအဆင်းလေး ဝတ်ဆင်ထားတဲ့ ငကောင်းက ဘေဘီအဖေ လား / ဘေဘီ အစ်ကိုလား မေးယူရမယ့်ပုံ။ သူငယ်နာမစင်တဲ့ရုပ်လို့ စရင် ထ သတ်မယ့်ကိန်းမို့ ငယ်သူချင်းလေးကို ချစ်စရာ ကလေးအဖေ တစ်ယောက်လို့သာ မြင်မိသည်။ နဖူးပေါ်ပြန့်ဝဲနေသော ဆံပင်တွေကို သပ်တင်နေရင်း သူ့ဆန္ဒ အိမ်မက်လေးအကြောင်း ခပ်ပြုံးပြုံးပြောနေပုံကို ဟိုလူကြီးတွေ့ရင် သွေးအန်သေနိုင်မယ်ထင်တယ်၊ အတော်ကို ချစ်စရာကောင်းတဲ့ ကလေးအဖေ ။
ဘာလုပ်မလဲဆိုတဲ့ အဖြေအတွက် ကျွမ်းကျင်တာက မုန့်လုပ်ပညာပဲရှိတယ် ၊ ဒါကလည်း အတိတ်ကနေ့ရက်တွေကိုမေ့ပစ်ထားတဲ့ အရာထဲ ပါသွားပြီ။ ခုတော့ မုန့်လုပ်တက်တဲ့ အတက်ပညာကို အနီးကပ် ပြန်လေ့လာပြီး Bakery shop လေးဖွင့်ချင်တယ်။ ရတဲ့ဝင်ငွေက သားကျောင်းလခ ကို မပံ့နိုင်မှန်းသိပေမယ့် ကိုယ်တိုင်ရပ်တည်ဖို့ ကြိုးစားမည်။ သားက ဟန်သာအိမ်တော်ရဲ့ မျိုးဆက်မို့ သူ့တို့စီစဉ်တဲ့ ကျောင်းကိုတက်ရမယ်၊ သူ့တို့လေ့ကျင့် ပေးနေချိန် ကိုယ်ပိုင်ဝင်ငွေနှင့် ရပ်တည်ဖို့ ငွေရှာရမယ်။ ကိုယ်တိုင်ကတော့ ဟန်သာအိမ်တော်နဲ့ မပတ်သတ်တဲ့သူမို့ ဘယ်သူ့အကူအညီမှ မလိုချင်ဘူး ၊ မမစီစဉ်ပေးတဲ့ အိမ်မှာနေရပေမယ့် အသုံးစရိတ်ကို ကိုယ့်ဘာသာ ရှာချင်သည်။ ဝင်းထက် ကူညီမယ်လို့ယုံကြည်တယ်၊ အစ်ကိုတည်မြဲလည်း အားပေးမယ် ယုံကြည်ရင်း။

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...