Part 1

21.9K 261 12
                                    

Love Triangle Part 1

သျှားရတီသက်  - ပါးပါး အဲ့ကောင်မလေးကိုလိုချင်တယ်😭
သျှားရတီထက် - ထက်လဲလိုချင်တယ်
ဦးထက်ဦး တစ်ယောက် အဲ့မှာတင် ခေါင်းမီးတောက်တော့တာပါဘဲ..... မြို့ထဲကပြန်လာပီးကထဲက ကလေးသေးသေးလေးတစ်ယောက်ကိုလိုချင်တယ်ဖြစ်လာတဲ့ညီအစ်မနှစ်ယောက်ကိုပြောလို့လဲမနိုင်တော့ပါဖူး
ဒေါ်မြသက် - သမီးတို့ကို မာမားပြောပြမယ် လိုချင်တာကိုရဖို့ကိုယ်တိုင်ကအရည်အချင်းရှိအောင်ကြိုးစားရမယ် အဲ့ဒါဆိုလိုချင်တာကိုလုပ်ယူလို့ရတယ် ပါးပါးကိုပူဆာမနေနဲ့တော့ကြားလား
ထက်နဲ့သက် - ဟုတ်ကဲ့မားမား

ထက်နဲ့သက် က မိနစ်ပိုင်းသာကွာခြားတဲ့အမွှာမဟုတ်တဲ့အမွှာတွေပေါ့ ဘယ်လိုအမွှာမဟုတ်တဲ့အမွှာတွေလဲဆိုရင်....ထက်က ဦးထက်ဦးရဲ့သမီး သက် က ဒေါ်မြသက် ရဲ့သမီး....
15 years ago......
ဦးထက်ဦး - ကျနော့်ကလေးနဲ့မိန်းမရောကျန်းမာရဲ့လား
Doctor - ကလေးကတော့ကျန်းမာပါတယ် လူနာရှင်ရဲ့ဇနီးက နှလုံးရောဂါအခံကြောင့်ကျနော်တို့မကယ်တင်လိုက်နိုင်ပါဖူးခင်ဗျာ....
ဦးထက်ဦး - ဗျာ....ဒါဆိုကျနော့်ကလေးရော...
Doctor- ဟိုမှာပါ သမီးလေးပါ....
ဦးထက်ဦးလဲ သူနာပြုဆရာမလေးလက်ထဲက ကလေးလေးကိုချီလိုက်တော့ ကလေးလေးက ပါးလေးဖောင်းဖောင်းလေးနဲ့ရယ်ပြနေလေရဲ့....
ဦးထက်ဦး - သမီးလေး ပါးပါးကလေးလေး ကံမကောင်းလိုက်တာ သမီးမားမားကိုတောင်မမြင်ဖူးလိုက်ရှာဖူး ပါးပါးကသမီးလေးအပေါ်အစစအရာရာ တာဝန်ကျေပါ့မယ် ခဏနေတော့ ကလေးကနို့ဆာလို့ထင်ပါရဲ့ ငိုလေတော့တယ်....
ဦးထက်ဦးလဲ ဘာမှမလုပ်တတ်မကိုင်တတ်နဲ့တိုင်ပတ်နေတဲ့အချိန်မှာ....
Woman- ဟိုလူ ပေးကျမကိုကလေး ကလေးကငိုနေတာကိုနို့မတိုက်ဘဲ အူကြောင်ကြောင်လုပ်နေတယ်
ဦးထက်ဦးလဲကလေးကိုအဲ့အမျိုးသမီးကိုပေးလိုက်တယ်
ဦးထက်ဦး- သူ့အမေကသူ့ကိုမွေးရင်းဆုံးသွားတာ ကျနော်လဲဘာမှမလုပ်တတ်မကိုင်တတ်နဲ့ စိတ်ညစ်ပါရဲ့ဗျာ
Woman- aww ကျမသမီးလေးနဲ့သိပ်မကွာဖူးဘဲ စိတ်မကောင်းလိုက်တာ....ရှင်
ဦးထက်ဦး- ညီမသမီးလေးကဘာဖြစ်လို့လဲ
Woman- ကျမအမျိုးသားကခုဏကဆေးရုံလာတဲ့လမ်းမှာ ကားအက်စီးဒန့်ဖြစ်ပီးဆုံးသွားတာလေ
ဦးထက်ဦး- ကလေးတွေအဖြစ်ကလဲသနားစရာလေးတွေပါလား.....
Woman- ရှင့်သမီးလေးကမိနစ်ပိုင်းကြီးမယ်ထင်တယ်
ဦးထက်ဦး- 9နာရီခွဲမွေးတာတဲ့
Woman- ကျမသမီးက 10နာရီမွေးတာ....
ဒီလိုနဲ့ ဦးထက်ဦးရဲ့သမီး နဲ့ ဒေါ်မြသက် ရဲ့သမီး တို့က အမွှာမဟုတ်တဲ့အမွှာတွေဖြစ်စပြုလာတယ်....
ဦးထက်ဦး အလုပ်သွားရင် အနှီးထုပ်နဲ့ကလေးလေးကို ဒေါ်မြသက် ရဲ့အိမ်မှာဝင်ပို့ထားခဲ့တာပေါ့.....ဒိလိုနဲ့ကလေးတွေ သုံးနှစ်လောက်ရလာတော့ ဦးထက်ဦးနဲ့ဒေါ်မြသက်တို့ တို့လက်ထပ်လိုက်ကြတာပေါ့.......
သက် - ထက်
ထက် - အင်း ပြော
သက်- သက်ကိုဟိုအရုပ်လေးပေး
ထက် -ရော့ယူလေ
ထက်က အနေပိုအေးပေမယ့်တစ်ခါတစ်လေဆို သက်ခထက်ကိုပိုပြီးအူကြောင်ကြောင်နိုင်တာမျိုးပါ
သက်- ထက်
ထက် - ပြော...
သက် - မာမားနဲ့ပါပါးမှာဘယ်သူ့ကိုပိုချစ်လဲ
ထက် - မာမား ကိုပိုချစ်တယ် သက္ကေရာ
သက်- ပါးပါးကိုပိုချစ်တာ ဒါပေမယ့် ထက်ကိုအားလုံးထက်ပိုချစ်တယ် ဟီးဟီး
ထက်- ရုပ်ကိုက
ဒီလိုနဲ့တစ်ဖြည်းဖြည်းအချိန်တွေပြောင်းလဲလာတာအခုဆိုရင် ထက်နဲ့သက်ဟာ H&T ဆိုတဲ့ Local Brand ကုမ္ပဏီကြီးကိုဦးစီးနိုင်တဲ့အရွယ်ကိုရောက်နေကြပီပေါ့
ကုမ္ပဏီ ထဲကိုလှမ်းလိုက်တယ်ဆိုရင်ဖြင့် အကုန်လုံးရဲ့မျက်လုံးတွေက CEO မလေးနှစ်ယောက်ရဲ့အလှဆီနှစ်မျောနေကြလေရဲ့ တစ်ယောက်မှာ အနက်ရောင်ဆံပင်အတိုလေးနဲ့smartကျကျdaddy typeနဲ့နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ CEOကြီး သျှားရတီထက်ဖြစ်ပြီးတော့ နောက်တစ်ယောက်ကတော့ ဖက်ရှင်လန်းလန်းလေးနဲ့​ရွှေအို​ရောင်ဆံနွယ်​တွေနဲ့mommy typeနဲ့ CEOကြီး သျှားရတီသက်ဘဲဖြစ်ပါတယ်
ထက်- အဟမ်း ကို့အလုပ်ကိုမလုပ်ကြဖူးလား
တစ်ချက်ဟောက်ပီး ရုံးခန်းထဲတန်းနေအောင် ဝင်သွားတဲ့ CEO နှစ်ယောက်ကိုကြည့်ပီး အတွင်းရေးမှူးလဲတစ်ဖြစ် လူယုံလဲဖြစ်တဲ့ ရဲရင့်သွေးတစ်ယောက်သက်​ပြင်းချပီးခေါင်းခါလိုက်တယ်

Love Triangle(Gl)Where stories live. Discover now