Part(1)Uni

6.9K 160 8
                                    

အခြေခံလူတန်းစားတို့နေထိုင်ရာ ဆင်ခြေဖုံးရပ်ကွက်လေးအတွင်းသို့ ဝင်လာသည်နှင့် ကြားလိုက် ရသော အသံများကြောင့် တိမ်ရိပ် ခြေလှမ်းတို့ ရပ်တန့်သွားလေသည်။

''သူဌေး သမီးကိုမှ သွားမှန်းတာကိုအေ။ ခုတော့တန်ရာ တန်ရာ မမှန်းတဲ့အကျိုးပေါ့။ ကျုပ်ကတော့အထွေးဆုံးလေးကိုပဲသနားတယ်။ ''

တိမ်ရိပ် တို့အိမ်ကလေးသည် ရန်ကုန်မြို့ရှိလက်လုပ်လက်စား အခြေခံလူတန်းစားများနေထိုင်ရာဆင်ခြေဖုံးရပ်ကွက် ကလေးတွင်တည်ရှိသည်။ ဒီကနေ့ဆိုင်စောစောသိမ်းပြီး လမ်းကျိုလမ်းကြား၊ အိမ်ကျို အိမ်ကြား များကို ပတ်၍ အိမ်သို့ ပြန်အလာ လမ်းထိပ်ရှိ ဒေါ်ဘုမ တူရီးနှစ်ယောက်နှင့်အဒေါ်ကြီးတစ်ယောက်၏ စကားသံကြောင့်တိမ်ရိပ် ခဏ မျှနားထောင်လိုက်သည်။

'' ဟက် ကောင်မ ရဲ့ ။ကျုပ်ကလေ မိုးရိပ်ကို အစက ဖြစ်နိုင်ရင် တူသမက်တောင် တော်ချင်တာအေ့။ ခုတော့ မတော်လိုက်ရတာပဲ ကံကောင်းသွားတယ်။''

'' အမယ်ဒေါ်ဘုမကြီးကလည်း တူသမက်တော်ချင်တာများ အလတ်ကောင်လေး ရှိပါသေးတယ်။''

'' တော်စမ်းပါ မိချိုရယ် အလတ်ကောင်က အခြောက်ဟဲ့။ တော်ကြာ ငါ့တူမက ယူပြီးရှာကျွေးနေရပါအုံးမယ်''

တိမ်ရိပ်ကြားလိုက်ရသော စကားသံသဲ့သဲ့ကြောင့် လက်သီးကိုသာ တင်းနေအောင်ဆုပ်ထားမိလေတော့သည်။

''ဒုန်!''

'' မိုးမြင့်ဝတီ ! ။ မင်းမောင့်ကိုကြည့်ပြောစမ်း!''

တိမ်ရိပ် အိမ်အဝင် လမ်းထိပ်တွင်ရပ်နေတုန်းရှိသေး အိမ်မှ ထွက်ပေါ်လာသော ကိုကိုကြီး၏ အသံကြောင့်မျက်လုံးလေးပြူးသွားကာ အိမ်သို့သာအမြန်သုတ်ခြေတင်ရလေတော့သည်။

'' မောင် ပြောနေတာကြားလား။ တောက် !''

'' တော်ပါ။ တော်ပါတော့ ကိုကိုကြီးရယ်။ အထွေးတောင်းပန်ပါတယ်။ကြောက်လို့ပါ။ အထွေးကြောက်လို့ပါ။ မမဝတီရယ် စားလိုက်ပါနော် ။''

တစ်ဖန် ထွက်ပေါ်လာသော အထွေး၏ ငိုသံတွင်တော့ တိမ်ရိပ်စိုးရိမ်စိတ်လေးနဲ့ အိမ်ပေါ်သို့သာ အမြန်ပြေးတက်လိုက်လေတော့သည်။

My Dear YateWhere stories live. Discover now