အပိုင်း - ၆၆

Start from the beginning
                                    

စုတျန်းတျန်းလည်း စိတ်ထိန်းကာ နှစ်ယောက်ထိုင် ဆိုဖာမှာ ထိုင်လိုက်တယ်။

လင်ရှန်းနဲ့ လင်ယွမ်ကတော့ တစ်ယောက်ထိုင်ဆိုဖာပေါ်မှာ နေရာယူလိုက်တယ်။

နာမည်မရှိတဲ့စာအုပ်ကိုတော့ အလယ်က လက်ဖက်ရည်စားပွဲပေါ်မှာ တင်ထားကြတယ်။

"တကယ်တော့ စစချင်းမှာ အပျော်သဘောနဲ့ပဲ ဆွဲခဲ့တာပါ" စုတျန်းတျန်းက ပြဿနာတွေကို ရှောင်တိမ်းသွားတတ်တဲ့ စရိုက်မျိုးမဟုတ်ဘူး။

သူက ဒူးနှစ်ဖက်ကို သေချာစေ့ထားပြီး ဒူးတွေပေါ်မှာ လက်တွေတင်ထားတယ်။ ကြည့်ရတာနဲ့တင် ကြောက်စရာကောင်းလောက်အောင် ယဉ်ကျေးနေသလိုပဲ။

သူက ခေါင်းကိုမော့ကာ လင်ရှန်းကို ဖျတ်ခနဲလှမ်းကြည့်လိုက်သေးတယ်။

ဘယ်လိုနေနေ ဒီကိစ္စက သူ့(စုတျန်းတျန်း)အမှားပဲလေ။

"ဒီဟာက..." စုတျန်းတျန်းက လင်ရှန်းကို ဖျတ်ခနဲကြည့်ပြီးနောက် "ကျောင်းဖိုရမ်ပေါ်မှာ ဒီအတောအတွင်း နောက်ပြောင်ထားတာတွေ အများကြီးပဲ၊ နောက်ကျတော့ ရှုချန်း... က နင်တို့နှစ်ယောက်အကြောင်း ငါ့ကို ပြောပြပြန်တယ်၊ ငါလည်း သဘောကျသွားလို့ ပေါ့ပေါ့ပါးပါး ဆွဲကြည့်လိုက်တာ၊ ဇာတ်ကြောင်းလေးနည်းနည်းလောက်နဲ့"

သူ ပြောလာတယ် "အဲ့တာကို ဖိုရမ်အပိုင်းလေးထဲမှာတင်လိုက်တော့ လူတိုင်းက ချစ်ဖို့ကောင်းတယ်လို့ ပြောလာကြတယ်"

"အပိုင်းမှာ?" လင်ရှန်း မျက်ခုံးတစ်ဖက်ပင့်မိသွားတယ်။ သူ စကားလုံးကို နားမလည်နိုင်ဘူး။

"မင်း အတွင်းပိုင်းကို မသိဘူးလား?" လင်ယွမ်က ညင်သာစွာ ပြုံးနေတယ် "ကျောင်းက ဖိုရမ်ကို ဖွက်ထားတာ၊ ကော ကျောင်းတက်တဲ့အချိန်တုန်းက ကောမှာရှိတယ်၊ ပြောကြတာတော့ ကောထက် သုံးနှစ်ပိုကြီးတဲ့ စီနီယာအစ်မတချို့က ဖန်တီးပေးခဲ့တာတဲ့၊ နောက်ပြီး အဲ့တာက မိန်းကလေးတွေကြားထဲမှာလောက်ပဲ ပျံ့နှံ့နေတာတဲ့၊ အဲ့ထဲဝင်ဖို့ဆိုရင် ခွင့်ပြုချက်တွေလိုတယ် ပြီးတော့ review ပေးတာကိုလည်း အရမ်းတင်းကျပ်ထားတာ"

စုတျန်းတျန်း မနေနိုင်တော့ဘဲ လင်ယွမ်ကို ကြည့်နေမိတယ်။

သူက ဉာဏ်ကြီးရှင်တစ်ယောက် ပြီးတော့ တအားအံ့ဩစရာကောင်းတယ်လို့ လင်မိသားစုက ပြောကြတယ်မဟုတ်လား? သူက ကောင်းကောင်း နားလည်နေတာပဲ! သူနဲ့ စာချုပ်ချုပ်မိဖို့ ကိုယ့်ဖာသာ ကျင်းတူးမိတာ အံ့ဩစရာမရှိတော့ပါဘူး။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now